Part - {21}

981 159 18
                                    

"ငါတို့တွေက ကျောင်းအတူတူ၊ အတန်းအတူတူဆိုပေမဲ့လည်း အဆင့်အတန်းချင်း မတူကြဘူးလေ..."

"ဟုတ်ပါတယ်"

"ဒါပေမဲ့ အဲ့တာက မင်းအပေါ်ဆိုလည်း အတူတူပဲ မဟုတ်လား?"

"ဘာ?"

သူဒီလို ကြားရလိမ့်မယ်လို့ မထင်မိပဲ မျက်လုံးပြူးသွားတာမြင်တော့ ကျွန်တော် တခစ်ခစ် ရယ်‌လိုက်တယ်။

"မှန်တယ်။ ဘယ်လိုလုပ် မင်းနဲ့ငါက အဆင့်အတန်းချင်း တူပါ့မလဲ?"

"ဂီယွန်းဂျယ်..."

"World Partyက ဆောင်းဝန်းနဲ့ ဘယ်လိုလုပ် တစ်တန်းထဲ ပုခုံးချင်း ယှဉ်နိုင်မှာလဲ? မင်းလည်း အဲ့လိုမထင်ဘူးလား?"

သူ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ World Partyက နိုင်ငံရေးဖက်မှာ အကြီးဆုံးအဖွဲ့အစည်းဖြစ်ပြီး အာဏာကြီးတယ်ဆိုပေမဲ့ ဆောင်းဝန်းကိုတော့ မယှဉ်နိုင်ဘူး။

ဘာလို့လဲဆိုတော့ ဆောင်းဝန်းက ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ အရာအားလုံးကို ချုပ်ကိုင်နိုင်လို့ပဲ။ တစ်စုံတစ်‌ယောက်ကသာ ဆောင်းဝန်းက ဒေဝါလီခံရလိမ့်မယ်ဆိုပြီး နောက်ပြောင်ပြီး တကယ်သာ ဒေဝါလီခံရရင် ကိုးရီးယားနိုင်ငံတစ်နိုင်ငံလုံးကလည်း ဒေဝါလီခံရမှာပဲ။ အဲ့အချိန်ဆိုရင် နောက်ပြောင်နေနိုင်မှာ မဟုတ်တော့ဘူး။

ဆောင်းဝန်းက လူထုရဲ့ နေထိုင်မှုဘဝနယ်ပယ်တိုင်းမှာ ပါဝင်နေတာ။ အစားအစာ၊ အဝတ်အထည်၊ နေထိုင်ရာနေရာ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး...

သေးငယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းလေးတွေကနေ ကြီးမား‌တဲ့ စီးပွားရေးကုမ္ပဏီတွေအထိ။ ဆောင်းဝန်း မပါဝင်တဲ့နေရာ မရောက်ရှိနိုင်တဲ့နေရာဆိုတာ မရှိသလောက်ပါပဲ။

ဆောင်းဝန်း ပြိုလဲမယ်? အဲ့တာက ကိုးရီးယားမှာရှိတဲ့ လုပ်ငန်းအားလုံး ရပ်တန့်ကုန်မယ်လို့ ဆိုလိုတာပဲ။ အဲ့ဒီ့လိုဆောင်းဝန်းနဲ့ ယှဉ်ရင်... World Partyက ‌ဆောင်းဝန်းနဲ့ အဆင့်အတန်းတူတယ်လို့ ကျွန်တော်မပြောနိုင်ဘူးလေ။

World Partyသာ ပြိုလဲသွားရင် ကိုးရီးယားမှာရှိတဲ့ လုပ်ငန်းတွေ ရပ်တန့်ကုန်မှာမှ မဟုတ်တာ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora