Part - {41}

829 139 2
                                    

41ကို မဖတ်ခင် ကြာနေရတဲ့အကြောင်းအရင်းလေးကို ပြောပါရစေနော်။ အရေးကြီးလို့ပါ။ ကိုယ် ယွန်းဂျယ်တို့ကို ouo linkခံမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ Etranက သူ့websiteမှာ ယွန်းဂျယ်တို့ unicode linkကို ချပေးထားတာပါ။ ကိုယ်သာ ouo linkခံလိုက်ရင် သူ့websiteကနေ ဝင်ကြည့်တဲ့ လူတွေက ouo linkတွေ ဘာတွေ ရှုပ်နေမှာမလို့ အရင် ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ ဒီလောက်အချိန်အကြာကြီး ညှိခဲ့တာတောင် e tranက အဆင်မပြေဘူးပဲ ပြောနေတာရယ်။ ကိုယ်လည်း ရထားတဲ့ permissionလေး ပိတ်ခံလိုက်ရမှာစိုးလို့ ယွန်းဂျယ်တို့အစား ကိုယ်တိုင်mtlနဲ့ ပြန်ထားတဲ့ အီဗန်တို့ကိုပဲ တင်လို့ရမလားဆိုပြီး YCOLက မင်မင်တွေဆီကို သွားပြောခဲ့ပါတယ်။ ရပါတယ်တဲ့။ အဲ့ဒါကြောင့်မလို့ e tranဖက်ကိုလည်း အဆင်ပြေ၊ ‌တလရအတွက်လည်း အကျိုးရှိအောင် ယွန်းဂျယ်တို့ကို ouoမခံဘဲ အီဗန်တို့ကိုပဲ ခံလိုက်တော့မှာပါ။ အခုကစပြီး updateတွေ တစ်ပတ်တစ်ပိုင်းတော့ အနည်းဆုံး ပြန်စပါ့မယ်နော်။ အပိုင်း ၄၁ကို ဖတ်လိုက်ကြပါစို့ရယ်။

***

ဂွမ်ဂျယ်ဟော့က ကျွန်တော့်ကို ဘာလို့ လာနမ်းရတာလဲဆိုတာ တွေးမိရင်း စိတ်ရှုပ်ထွေးလာကာ သူ့ကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ဂွမ်ဂျယ်ဟော့ရဲ့ အကြည့်တွေက ကျွန်တော့်ဆီမှာ မြဲမြံနေတုန်းပဲ။

သူ့မျက်လုံးတွေမှာ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို သိုလှောင်ထားပြီး အရင်ကထက်ကို ပိုနက်နဲတယ်။ သူ့အကြည့်တွေက ကျွန်တော့်ကို အတွင်းပိုင်းထဲကနေ ပူနွေး(ရှက်)လာစေတယ်။ ကျွန်တော် ရှက်ရွံ့စွာနဲ့ ခေါင်းလှည့်ဖို့ ကြိုးစားကြည့်ပေမဲ့ သူ့လက်တွေက မြဲနေအောင် ဆုပ်ကိုင်ထားတာမလို့ မရခဲ့ဘူး။ သူ့အကြည့်ကို ရှောင်လွှဲဖို့ရာ မျက်လွှာချလိုက်ပေမဲ့ သူက ဆက်ကြည့်နေသေးပြီး ကျွန်တော့်အရေပြားကို လျက်ခံလိုက်ရသလိုမျိုး ယားကျိကျိ ဖြစ်လာစေတယ်။

"အာာ..."

သူက အချိန်တစ်ခုကြာတဲ့အထိ မလွှတ်ပေးခဲ့ဘူး။ သူခေါင်းပြန်မော့လိုက်ချိန်မှသာ ကျွန်တော် အသက်ရှူနိုင်တော့တယ်။

ကျွန်တော့်ခေါင်းအနောက်ကို ပွတ်ပေးနေတဲ့ ဂွမ်ဂျယ်ဟော့လက်တွေ ဖယ်ခွာသွားချိန်မှာတော့ လှစ်ဟာသွားသလို ခံစားလိုက်ရတယ်။ ကျွန်တော့် ဦးရေပြားကနေတဆင့် ခံစားလိုက်ရတဲ့ အထိအတွေ့က ကျွန်တော့်ကျောရိုးမကြီးအထိ အေးစိမ့်သွားစေတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Dove le storie prendono vita. Scoprilo ora