***
အစောပိုင်း ဂိတ်ပေါက်ထဲမှာ ဖြစ်ခဲ့သမျှကို ကျွန်တော် သေချာပြန်မပြောပြနိုင်တော့လို့ ဟိုးနားဒီနား နည်းနည်းစီ ရှင်းပြလိုက်တယ်။ ဂျောင်ရီဂျွန်းက ကျွန်တော် ရုတ်တရက် မှော်စွမ်းအား ရလာတယ်ဆိုတာလည်း ကြားရော အံ့ဩသွားပြီး ပါးစပ်တောင် မပိတ်နိုင်တော့ဘူး။
"အဲ့ဒီလို... ဖြစ်သွားတာပဲ"
ဂျောင်ရီဂျွန်းက ခေါင်းငြိမ့်ပြပြီး တစ်ယောက်တည်း စဉ်းစားခန်းဝင်နေတယ်။ ပြီးတဲ့နောက် သူ့စိတ်က ပြောင်းသွားပြန်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ပြောလာတယ်။
"အာ အာ အာ... အာ"
"မင်းငါ့ကို သုံးကြိမ်တောင် နမ်းလိုက်ပေမဲ့ ငါမမှတ်မိဘူး။ အဲ့တာကို အရမ်းစိတ်ရှုပ်နေလို့ ထပ်လုပ်ကြရအောင်"
(T/N : စကားတတ် (●_●) )"မင်းတော့ ရူး...!"
"တော်လိုက်တော့! ယွန်းဂျယ်က မကြိုက်ဘူးလေ!"
ဂျောင်ရီဂျွန်းက ဂျန်အွန်ယောလ်ကို လျစ်လျူရှုပြီး ဆက်နမ်းနေတယ်။ တကယ်က သူ(ဂျန်အွန်ယောလ်) စိတ်ပူစရာတော့ မလိုပါဘူး၊ ကျွန်တော့်ပါးတွေ ဖိကိုင်ခံထားရပေမဲ့ မနာဘူးလေ။ ဗလာဖြစ်နေတဲ့ slotထဲကို ဂျောင်ရီဂျွန်းရဲ့ မှော်စွမ်းအားတွေ တစ်ဝက်လောက် ဖြည့်ပြီးတဲ့အခါမှာ ကျွန်တော့်ပါးကို လွှတ်ပေးတယ်။
"ဟား..."
သူက ကျွန်တော့်ကို တုန်လှုပ်နေတဲ့ အကြည့်နဲ့ ငုံ့ကြည့်ပြီးနောက် အိပ်ရာပေါ် ပစ်ထိုင်ချလိုက်တယ်။ သူ့ပုခုံးတွေကလည်း တုန်လှုပ်နေပြီး သူငိုနေတာလား၊ ရယ်နေတာလားတောင် မသဲကွဲဘူး...။
ဂျောင်ရီဂျွန်း ဆုပ်ကိုင်ခဲ့တဲ့ ပါးကို ပွတ်သပ်လိုက်ရင်း ဂျန်အွန်ယောလ်ကို ကြည့်လိုက်တော့ သူ့ပုံစံက တစ်ခုခုကို ဘဝင်မကျ ဖြစ်နေသလိုပဲ။ သူကကော ဘာဖြစ်တာလဲ?
"ယွန်းဂျယ်... ငါ့မှော်စွမ်းအားတွေကိုကော မသိချင်ဘူးလား?"
"အာ? ဟင့်အင်း"
ကျွန်တော် မျက်နှာပျက်နေတဲ့ ဂျန်အွန်ယောလ်ကို ငြင်းလိုက်တော့ လှဲနေပြီဖြစ်တဲ့ ဂျောင်ရီဂျွန်းက ပြန်ထလာပြီး ပြောပြန်တယ်။
ČTEŠ
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Akční#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.