'ငါတော့ သေပြီ'
ကျွန်တော် နိုးလာတော့ အခြားသူရဲ့ ကိုယ်ခန္ဓာထဲ ရောက်နေတာ တွေ့လိုက်ရတယ်။
ကျွန်တော့်ရဲ့ ပုံစံကို ကြည့်ဖို့အတွက် မှန်တစ်ချပ်ကို တုန်ရီနေတဲ့လက်အစုံနဲ့ ယူလိုက်မိတယ်။
'အားးးး'
"ဒါက အိပ်မက်မလား? ဒါက အိပ်မက်ဟုတ်တယ်မလား?"
'အသံတောင် ငါ့ရဲ့အသံမဟုတ်တော့ဘူး။'
ဒီကောင်လေးက ငယ်သေးလို့ဖြစ်မယ်။ ဒါပေမဲ့ သူ့ရဲ့ အသံချိုချိုလေး ကြားမိတဲ့အခါ အံ့ဩလွန်းလို့ ကိုယ့်ပါးစပ်တောင် လက်နှစ်ဖက်နဲ့ အုပ်မိသွားတယ်။
'ဒါက အိပ်မက်ပဲဖြစ်မှာပါ...! ဒါက အိပ်မက်ပဲ!!!'
'ပြီးတော့ မှန်ထဲက ဒီမျက်နှာလေးကလေ...'
ရုတ်တရက်ကြီး ကျွန်တော် ဒေါသထွက်သွားတယ်!
"ဘာလို့ ဒီအမှိုက်ကောင်တဲ့လဲ"
'ဘာလို့လဲ? ဘာလို့လဲ...? ဘာလို့လဲ...?? ဘာလို့ ဂီယွန်းဂျယ်လဲ? ဘာလို့ အဲ့ကောင်ဖြစ်နေရတာလဲ?'
'ငါဝတ္ထုထဲကို ကူးပြောင်းသွားရရင်တောင်မှ ငါက အဓိက ဇာတ်ဆောင်ဖြစ်သင့်တာလေ... ! ဘာလို့ဗီလိန်ကောင်လဲ?'
'အခုခေတ် ဝတ္ထုတွေက extraတွေ ထည့်တာ ခေတ်စားနေပါတယ်ဆိုမှ ဘာလို့သူလဲ'
"အမလေး... ငါ့ခေါင်း..."
ဒေါသထွက်ရလွန်းလို့ ခေါင်းတောင်မူးလာပြီ။
'ကြည့်ရတာ ဒီပြင်းထန်တဲ့ ဖိအားတွေ အမြန်အဆန်တိုးဝင်လာလို့ ထင်ပါတယ်... ပြီးတော့ ဒီဖိအားတွေထဲမှာ ဂီယွန်းဂျယ်ရဲ့ မှတ်ဉာဏ်တွေ ရောပါလာတာပဲ ကျေးဇူးတင်ရမယ်...'
ဂီယွန်းဂျယ်။ အသက်က ၁၆နှစ်။ ဒီကမ္ဘာရဲ့ ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံတော်ကြီးကို အမှန်တကယ် အုပ်ချုပ်နေတဲ့ ဆောင်း၀န်းအဖွဲ့အစည်းကြီးရဲ့ ဆက်ခံသူ။
'သေစမ်း...! ငါမသိသေးတဲ့ အချက်အလက်တွေက များလိုက်တာ'
'ငါ့အခုလက်ရှိအခြအနေတွေကို ဖျက်လိုက်ပြီးတော့ အိမ်ပြန်လိုက်လို့ မရဘူးလား?'
ESTÁS LEYENDO
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Acción#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.