"သခင်လေးဂီ! မင်း ဖြစ်ခဲ့တာတွေအပေါ် စိတ်ရှုပ်နေရင်တောင် ငါ မင်းနဲ့ စကားပြောလို့ ရနေနိုင်သေးတယ်လေ... ဒါပေမဲ့ ငါ မင်းနဲ့ သက်ဆိုင်နေတုန်းမှာ ပြဿနာ ရှာလိုက်ရင် အဲ့တာပြီးရင် ငါမင်းကို ဘယ်လိုမျက်နှာပြရမလဲ?"
"- အဲ့တာကြောင့်လား? မင်းရဲ့ အကြောင်းပြချက်က သေးတိမ်လှချည်လား?"
"ဟမ်? အဲ့တာ ရီဂျွန်း ငါ့ကို ပြောခဲ့တာ-"
သူက ငါ သူ့ကို စိတ်မပူရအောင် ဖုံးကွယ်ခဲ့တာ။ ဒါပေမဲ့ သူက ငါဒီလောက် စိတ်ဆိုးမယ်ဆိုတာ မသိလို့ဆိုပြီး တောင်းပန်သေးတယ်။
သူတို့နှစ်ယောက်လုံးက ကျွန်တော် ရုတ်တရက် အတွေးပေါက်ပြီး ပြောခဲ့တဲ့အပေါ် မှတ်ယူပြီး သည်းခံခဲ့ကြတယ်။ အွန်ယောလ်ကတော့ ဒီလိုလုပ်ရတဲ့အထိ ရိုးသားလို့နေမယ်၊ ဒါပေမဲ့ ဘာလို့ ခေါင်းမာတဲ့ရီဂျွန်းကပါ အတူတူလုပ်ရလဲဆိုတာတော့ သိချင်မိသား။
ရီဂျွန်းကပါ ကျွန်တော့်အတွက်နဲ့ ဒီလိုလုပ်ပေးတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော့် နှလုံးသားလေး တင်းကြပ်သွားသလိုပဲ။
"-တကယ်လား?"
"ဒါဆို... World Partyခေါင်းဆောင်ရဲ့မြေးနဲ့ ရင်းနှီးချင်တယ်ဆိုတာ... မင်းတကယ် အတည်လား မဟုတ်ဘူးလား?"
ဒီနေ့တော့ ဒေါသမထိန်းနိုင်ပဲ အော်ဟစ်နေတတ်တဲ့ ဂျောင်ရီဂျွန်းရဲ့ ပုံစံက ပြောင်းလဲနေသလိုပဲ။
တစ်ခုခုတော့... တစ်ခုခုတော့ ပြောင်းလဲသွားပြီ။ ဒါက ကိုယ့်ညီလေးတစ်ယောက် ရင့်ကျက်လာတာကို မြင်ရတဲ့ ခံစားချက်လား?
(T/N : Brother zoneထဲ စတင်ပစ်သွင်းပါပြီ)'ငါတို့ရဲ့ ရီဂျွန်းလေး ပြောင်းလဲသွားပြီကွ!'
ဘယ်တုန်းကမှ ဘယ်သူ၊ ဘယ်အရာကိုမှ အလေးမထားတတ်တဲ့သူက ကျွန်တော်နေရာကို စဉ်းစားပေးပြီး တစ်စုံတစ်ခုကို အလေးထားတဲ့အကြောင်း ကြားရတာ ကြည်နူးဖို့ ကောင်းလိုက်တာ။
"အာ! မင်း ဘာလို့ ရယ်နေတာလဲ?"
"ဟက် ဟက်-"
ကျွန်တော့်နှုတ်ခမ်းတွေ တွန့်ချိုးကုန်ပြီး အရယ်မရပ်နိုင်တော့ ရုတ်တရက် ဂျောင်ရီဂျွန်းက မျက်နှာကြီး နီရဲလာပြီး ဒေါသထွက်သွားတယ်။
ŞİMDİ OKUDUĞUN
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Aksiyon#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.