"ဆောင်းဝန်းအထက်တန်းကျောင်းကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျောင်းသားသစ်ကိုယ်စားလှယ်မှ ဝင်ခွင့်ရကြောင်း ဂုဏ်ပြုလွှာကို ဖတ်ကြားပေးဖို့ ရှေ့ထွက်လာပေးပါ။ လက်ခုပ်တီးပြီး ကျောင်းသားသစ်ကိုယ်စားလှယ်ကို ကြိုဆိုကြရပါစို့။" အသံချဲ့စက်ကနေ အသံကျယ်ကြီးက စူးရှရှနဲ့ ထွက်ပေါ်လာတယ်။
ပြီးတဲ့နောက်မှာတော့ မိုးချိန်းသံတမျှ ကျယ်လောင်လှတဲ့ လက်ခုပ်တီးသံတွေ ကြားရတယ်။ ဆောင်းဝန်းရဲ့ အမွေဆက်ခံသူဖြစ်တဲ့အတွက် ကျောင်းသားသစ်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး လူတိုင်းရဲ့ မျက်နှာချင်းဆိုင် စင်မြင့်ပေါ်မှာ ရပ်နေရတယ်။
ကျွန်တော် အပေါ်တက်ပြီး အောက်ကို ကြည့်လိုက်တဲ့အချိန်မှာ ကျောင်းသားသစ်တွေ အပါအဝင် အတန်းပေါင်းစုံက ကျောင်းသားကျောင်းသူတွေက ကျွန်တော့်ကိုပဲ ကြည့်နေကြတယ်။ ကျောင်းသားအများစုက နိုင်ငံရေးနဲ့ စီးပွားရေးကို ချုပ်ကိုင်ထားကြတဲ့ လူတွေရဲ့ သားသမီးတွေ ဖြစ်နေတော့ ကျွန်တော့်ကို သိကောင်း သိကြလိမ့်မယ်။
အဲ့တာကြောင့် သူတို့အချင်းချင်း တီးတိုးပြောနေတာ ဖြစ်မယ်။
"ဝင်ခွင့်ရကြောင်းဂုဏ်ပြုလွှာ၊ ကိုယ်စားလှယ် ဂီယွန်းဂျယ်။ ယခုလက်ရှိ စာသင်နှစ်မှာ ဂီယွန်းဂျယ်နှင့် ကျောင်းသားကျောင်းသူ ၃၈၄ယောက်တို့က ဆောင်းဝန်းအထက်တန်းကျောင်းကို ဝင်ရောက်လာခဲ့ပါတယ်..."
"ဆောင်းဝန်းအထက်တန်းကျောင်းကနေ ကြိုဆိုပါတယ်"
လက်နှစ်ဖက်နဲ့ ဂုဏ်ပြုလွှာကို ကိုင်ပြီး အထဲက အကြောင်းအရာတွေကို ဖတ်ပြပြီးနောက် မတ်တပ်ထရပ်လိုက်တော့ ကျောင်းအုပ်ကြီးက ပြန်ဖြေကြားလာပြီး ကျောင်းတံဆိပ်ကို ကျွန်တော့်ရဲ့ ကော်လံမှာ ကိုယ်တိုင်တပ်ပေးတယ်။ ကျောင်းအုပ်ကြီးရဲ့အကြည့်တွေက ကျွန်တော့်ဆီမှာပဲ ကပ်နေတယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို ပြောချင်တာတွေ ရှိသေးတဲ့ပုံနဲ့၊ ဒါပေမဲ့ ကြိုဆိုပွဲက တန်းလန်းကြီးဖြစ်နေတော့ နောက်တစ်ကြိမ် လာတွေ့မယ်ပြောပြီး သွားခိုင်းတော့တယ်။
ВЫ ЧИТАЕТЕ
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Боевик#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.