Part - {31}

824 159 11
                                    

T/N : အခုကစပြီး ဘုရားသခင်နေရာမှာ နတ်ဘုရားလို့ပဲ သုံးကြပါစို့ရယ် ಥ‿ಥ

___________________________

[အရေးပေါ်အခြေအနေဖြစ်ပေါ်နေပါတယ်။ ကစားသူ]

ဟမ်?

ကျွန်တော့်ရှေ့မှာ စာတစ်စောင်ပေါ်လာတယ်။ ကျွန်တော် ဒီခန္ဓာကိုယ်ထဲ ကူးပြောင်းလာတဲ့ ပထမဆုံးနေ့ကလွဲပြီး ထပ်မတွေ့ရတော့တဲ့ စာတိုက ကျွန်တော့်မျက်စိရှေ့ရောက်နေပြီ။

[နတ်ဘုရားက အခြားသူတွေအတွက် အသက်စွန့်ရဲတဲ့ သင့်ရဲ့ စိတ်နှလုံးကြောင့် အရမ်းထိသွားရပါတယ်တဲ့။]

[‌ဒါကြောင့်နတ်ဘုရားက သင့်ကို လက်ဆောင်တစ်ခု ပေးလိုက်ကြောင်းပါ။]

[ကစားသူ။ အခြားသူ‌အတွက် အသက်စွန့်တာက မငြင်းဆို‌နိုင်လောက်အောင်ကို အင်မတန် မြင့်မြတ်ပါတယ်၊ ဒါပေမဲ့လေ ကျေးဇူးပြုပြီး ကိုယ့်အတွက် အသက်လေးတော့ ချန်ပါအုန်းလား။]

[ကျေးဇူးပြုပြီး skill windowမှာ လက်ဆောင်လေး စစ်ကြည့်လိုက်ပါအုန်း]

ကျွန်တော် အန္တရာယ်တောထဲ ရောက်နေမှန်းသိလို့ လာကူညီတာပဲ။ စာထဲမှာ ပြောထားတဲ့အတိုင်း ကျွန်တော့်စွမ်းအားတွေကို စစ်ဆေးဖို့ရာ skill windowကို ဖွင့်လိုက်တယ်။

"ဒါကြီးက..."

ကျွန်တော့်စွမ်းအားတွေအကြောင်းကို ဖတ်နေတုန်း မသိလိုက်ပါပဲနဲ့ အသံထွက်မိသွားလို့ ပါးစပ်မြန်မြန်ပိတ်လိုက်ရတယ်။ ကံကောင်းလို့ ဒိုင်နိုဆောက မကြားတဲ့ပုံပဲ။

[ဖြစ်လာမည်အား ကြိုသိနိုင်ခြင်း] နဲ့ [ရှေ့ရေးအမြော်အမြင်စီမံချက်]ဆိုတာတွေ အောက်မှာ တလက်လက်ဖြစ်နေတဲ့ စွမ်းအားအသစ်တစ်ခုက ကျွန်တော့်စိတ်ကို ဖမ်းစားသွားတယ်။

[စွမ်းအားချေးငှါးခြင်း]

[သင်က အရေးပေါ်အခြေအနေထဲ ရောက်နေပါပြီ။ သင်က စွမ်းအားမဲ့လား? စိတ်မပူပါနဲ့! ဒီစွမ်းအားသစ်နဲ့ဆိုရင် သင်က စွမ်းအားရှင်ဖြစ်လာမှာပါ! သင့်အနေနဲ့ စွမ်းအားရှင်တစ်ယောက်ယောက်ကို kissingဆွဲလိုက်ခြင်းအားဖြင့် သင်စွမ်းအားချေးငှါးအသုံးပြုနိုင်ပါပြီ! အိုး! ဒါက အတင်းအကြပ်လုယူတာမျိုး မဟုတ်ပါဘူးနော်။ သင်က ချေးငှါးရုံတင်ပါ!]

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ