(ဂျောင်ရီဂျွန်းရဲ့ POV)
"ငါတို့ ဘယ်မှာလဲ?!"
သူတို့တွေ စုပ်ယူခံလိုက်ရပြီးနောက် သူတို့နဲ့အတူ ဆွဲစုပ်ယူခံလိုက်ရတဲ့ အနီးအနားက ပစ္စည်းတွေလည်း လေထဲကနေ ထွက်ကျလာတာ ရပ်တန့်သွားပြီ။ အဲ့ဒီ့နောက် အချိန်ခဏနေတော့ ခန်းမရဲ့အပြင်ဖက်မှာ ရှိနေခဲ့တဲ့ ယွန်းဂျယ်က ပေါ်လာတယ်။ ဂျောင်ရီဂျွန်း ချက်ချင်းသိလိုက်တာက ယွန်းဂျယ်ဟာ သူ့ဆန္ဒအလျှောက် လိုက်လာတာ ဆိုတာပဲ။
လေထဲမှာ အကျယ်ကြီး ပွင့်ဟနေတဲ့ ဝင်ပေါက်က 'ဒီနေရာက အန္တရာယ်ရှိသည်'ဆိုသလိုမျိုး ညွှန်းပြနေပေမဲ့ ယွန်းဂျယ်က အကြောက်အလန့်မရှိ ဝင်လာတာကို မကြိုက်ဘူး။ ဂျောင်ရီဂျွန်းရဲ့ ဒေါသတရားနဲ့ ဆန့်ကျင်စွာ ယွန်းဂျယ်ကတော့ ဂုဏ်ယူရင်း ပြောနေလေတယ်။
"မင်းတို့တွေ ဘယ်နေရာရောက်နေတာလဲဆိုတာတောင် သိကြမှာမဟုတ်ဘူးနော်"
"ဘာကြီး?"
"မင်းတို့တွေက ဒီလိုသာ လျှောက်သွားနေမယ်ဆိုရင် ငါကဘယ်လိုမျိုး စောင့်ပေးနေနိုင်မှာလဲ?"
သူ၊ ပြောတာက သူတို့ဘယ်နေရာရောက်နေလဲဆိုတာ သိသိကျကျ သိတယ်လို့ ပြောတာလား? ဂျောင်ရီဂျွန်းက အံ့ဩတကြီး ဖြစ်သွားပေမဲ့လည်း ယွန်းဂျယ်က သူတို့ကို စိတ်ပူလို့ လိုက်လာခဲ့တယ်ဆိုတာကို သိလိုက်ရတော့ နေလို့ပိုကောင်းလာတယ်။
ဂျောင်ရီဂျွန်းက စိတ်အေးသွားပြီး တွေးလိုက်တယ်၊ 'ငါ့မှာ ဒီစွမ်းအားရှိနေတော့ မင်းကို ကာကွယ်ပေးမယ်'။
"နားထောင်၊ ငါရှင်းပြမယ်"
ယွန်းဂျယ် ပြောလာတဲ့ အချက်အလက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ထင်တဲ့အတိုင်းပဲ၊ ဒီနေရာက ကမ္ဘာမြေလည်းမဟုတ်ဘူး၊ ပြီးတော့ ကမ္ဘာမြေက အချိန်ကာလနဲ့လည်း ကွဲပြားတယ်။
"ဒါဆို ဒီနေရာက... ကမ္ဘာပေါ်မှာ မဟုတ်ဘူးပေါ့?"
"ဟုတ်တယ်။ ဒါက အခြားကမ္ဘာရှုထောင့်ပဲ။ ဒါပေမဲ့ ငါမသေချာတာက ဒီနေရာဟာ အန္တရာယ်များတဲ့နေရာလား ဒါမှမဟုတ် လုံခြုံတဲ့နေရာလား ဆိုတာပဲ"
ВЫ ЧИТАЕТЕ
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Боевик#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.