Part - {32}

843 160 6
                                    

ကွတ်ကီးလေး...

ချည်မျှင်လေးရဲ့အဆုံးမှာ ကျွန်တော်မွေးထားတဲ့ အိမ်မွေးခွေးလေး ရှိနေတယ်။ အဲ့ဒီ့ချည်မျှင်လေးရဲ့ ဘေးမှာက အဆုံးမှာ ဘာမှမရှိပဲ ကျွန်တော်နဲ့ပဲ ချိတ်ဆက်ထားတဲ့ နောက်ထပ်ချည်မျှင်လေး ရှိနေတယ်။ ကျွန်တော် အလိုလိုသိလိုက်တာက အဲ့ဒီ့ချည်မျှင်နဲ့ အခြားသားရဲတိရစ္ဆာန်တွေကို ချိတ်ဆက်လို့ ရတယ်ဆိုတာပဲ။

ကျွန်တော် သစ်ခေါင်းထဲကနေ ထွက်လိုက်တယ်။ ကျွန်တော် မထွက်ခင် သတိမေ့နေတဲ့ ရီဂျွန်းကို သေချာဝှက်ခဲ့ဖို့လည်း မမေ့ခဲ့ဘူး။ သစ်ခေါင်းထဲက အနက်ဆုံးနေရာမှာ သူ့ကိုဝှက်လိုက်ပြီး သစ်ရွက်တွေနဲ့ ဖုံးလိုက်ပြီးတဲ့နောက် မျက်လုံးမှိတ်ပြီး အာရုံခံကြည့်လိုက်တယ်။

ကျွန်တော်နဲ့ သိပ်မဝေးတဲ့နေရာမှာ အချို့သားရဲတိရစ္ဆာန်တွေ ရှိနေတာကို ခံစားမိလိုက်တယ်။ ဒါပေမဲ့ သားရဲတွေ အကုန်လုံးကိုတော့ ချည်မျှင်နဲ့ ချိတ်ဆက်လို့ မရဘူး။

အဲ့ဒီ့သားရဲအတွက်ဆို ဒီချည်မျှင်က အရမ်းပါးလွန်းတယ်။

ကျွန်တော် ချိတ်ဆက်ချင်ရင် ချိတ်ဆက်လို့ရပေမဲ့ ချက်ချင်း ပြတ်ထွက်သွားလိမ့်မယ်လို့ ခံစားမိနေတယ်။ ဒါပေါ့၊ အချိန်ကြာလာတာနဲ့အမျှ ချည်မျှင်က ပိုထူလာပြီး ချည်မျှင်အပွှားတွေ ထပ်ထွက်လာအုန်းမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း ဒီချည်မျှင်ပါးလေးကသာ အခုချိန် ကျွန်တော် အသုံးပြုနိုင်တဲ့ တစ်ခုတည်းသော ချည်မျှင်လေးပဲ။

ဒါကြောင့်မို့ လောဘကြီးနေတာကို စွန့်လွှတ်လိုက်ပြီး ကျွန်တော် ချိတ်ဆက်လို့ ရတဲ့ထဲကနေ အသန်မာဆုံးသားရဲကို ရွေးလိုက်တယ်။ အဲ့ဒီ့ဒိုင်နိုဆောထက်တော့ အရွယ်ငယ်ပေမဲ့ သန်သန်မာမာ ခန္ဓာကိုယ်ရှိတဲ့ နွားနက်ကြီးကိုပေါ့။

ဒါကြောင့်မို့ လောဘကြီးနေတာကို စွန့်လွှတ်လိုက်ပြီး ကျွန်တော် ချိတ်ဆက်လို့ ရတဲ့ထဲကနေ အသန်မာဆုံးသားရဲကို ရွေးလိုက်တယ်။ အဲ့ဒီ့ဒိုင်နိုဆောထက်တော့ အရွယ်ငယ်ပေမဲ့ သန်သန်မာမာ ခန္ဓာကိုယ်ရှိတဲ့ နွားနက်ကြီးကိုပေါ့။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora