Part - {17}

1K 160 12
                                    

Characters chartလေး လုပ်ထားပါတယ်။ ibis paintနဲ့ ကမြင်းကြည့်တာဆိုပေမဲ့ အချိန်တော်တော် ကုန်သွားပါတယ်လို့

ကျွန်တော်က မြေး'အကြီးဆုံး'ဆိုပေမဲ့ တိတိကျကျကြီး မြေးတွေအားလုံးထဲမှာ အကြီးဆုံးတော့ မဟုတ်ဘူး။ မူလတုန်းကတော့ အဲ့ဒီ့နေရာက ဂီဆောင်းယွန်းက ပိုင်တာပါ။ ဒါပေမဲ့ သူ့အဖိုး၊ ဂီဂျယ်မူက သူ့ကို တမင်လျစ်လျူရှုခဲ့တာ။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ကျွန်တော်က မြေး'အကြီးဆုံး'ဆိုပေမဲ့ တိတိကျကျကြီး မြေးတွေအားလုံးထဲမှာ အကြီးဆုံးတော့ မဟုတ်ဘူး။ မူလတုန်းကတော့ အဲ့ဒီ့နေရာက ဂီဆောင်းယွန်းက ပိုင်တာပါ။ ဒါပေမဲ့ သူ့အဖိုး၊ ဂီဂျယ်မူက သူ့ကို တမင်လျစ်လျူရှုခဲ့တာ။

ဂီယွန်းဂျယ်က ဘယ်လောက်ပဲ အမှိုက်သရိုက်ဆန်နေပါစေအုန်း ဆောင်းဝန်းရဲ့နာမည်ကိုတော့ မထိခိုက်စေခဲ့ဘူး။ ဂီဆောင်းယွန်းကတော့ မတူပဲ ထူးခြားလှစွာနဲ့ သတင်းစာထဲပါရတာကို ကျင့်သားရနေပြီ။

သတင်းစာတွေထဲမှာတော့ "Mr.A"လို့ပဲ သုံးနှုန်းပေမဲ့ သိတဲ့လူတိုင်းကတော့ "အိုး ဂီဆောင်းယွန်းကတော့ တစ်ခုခုရှုပ်လိုက်ပြန်ပြီပဲ"လို့ ပြောကြတယ်။

အဲ့တာက ဂီဆောင်းယွန်းရဲ့အဖေ၊ ဂီယောင်းဝူးကြောင့်ပါပဲ။ သူ(ဂီယောင်းဝူး)က အမြဲလို သူ့ရဲ့ ပထမသားဖြစ်သူရဲ့ လုပ်ပိုင်ခွင့်ရအောင် ဆက်တိုက် ကြိုးစားနေလွန်းလို့ ဂီဂျယ်မူရဲ့ အမျက်ဒေါသတွေ လက်ခံရထားသူပါ။
(T/N : အပိုင်း ၃မှာပါတဲ့ ယွန်းဂျယ်ရဲ့ ဦးလေးပါ။ မေ့နေမှာစိုးလို့)

ဂီဂျယ်မူကလည်း သူ့ဝမ်းကွဲတွေထဲမှာ အကြီးဆုံးသားပါပဲ။ သူဥက္ကဌရာထူးရအောင် တိုက်ခိုက်ခဲ့ရတဲ့ ဝမ်းကွဲတွေပေါ့။ ဂီယောင်းဝူးရဲ့လုပ်ရပ်တွေက သူ့(ဂီဂျယ်မူ)ရဲ့ ညီတွေ လုပ်ဆောင်ခဲ့တာတွေနဲ့ ထပ်တူညီနေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် နေလို့မကောင်းနေဘူး။ ဂီဆောင်းယွန်းကို မြင်ရုံနဲ့တင် စိတ်တိုလာရပြီကို သူ့မျက်လုံးတွေ ကျွန်တော့်ဆီရောက်လာတဲ့အခါ ပိုလို့ ဒေါသထွက်လာရတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora