ဂိုဟျော့က World Partyက ဥက္ကဌ၊ ဂိုအင်ဟျော့က သူ့ရဲ့မြေးပါ။ နာမည်တွေက ဆင်ကြတော့ ရောကုန်လိမ့်မယ် ಥ‿ಥ
___________________
"ဒါပေမဲ့လည်း သူတို့တွေက ရိုင်းစိုင်းလွန်းတယ်"
"အဲ့တာ ဘာကိုဆိုလိုတာလဲ?"
"ကျွန်တော်က World Partyကို ပြောတာ၊ သူတို့က ကလေးချင်း ကတောက်ကဆဖြစ်တဲ့အပေါ် ဝင်ပါနေတယ်။ ကျွန်တော်က အဲ့ဒီ့လို အစော်ကားခံခဲ့ရတာတောင် စိတ်သဘောထားကြီးကြီးနဲ့ အေးအေးချမ်းချမ်းဖြစ်အောင် သူ့ကိုခွင့်လွှတ်ပေးခဲ့တာ... ဒါပေမဲ့ ဟိုကောင်၊ ဂိုအင်ဟျော့က သူ့အဖိုးကို အသုံးချပြီး ဆောင်းဝန်းရဲ့ ဥက္ကဌကို ပြဿနာရှာလိုက်သေးတယ်။ ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက စိတ်ယုတ်မာတွေကြောင့် ပျက်စီးသွားရတာကို အရမ်းဝမ်းနည်းတာပဲ"
"အင်း..."
ဒီလိုပြောလိုက်တော့ ဂီဂျယ်မူရဲ့ စိတ်အခြေအနေက ပိုဆိုးသွားသေးတယ်။ ဒါပေါ့ ဘာမှရေးကြီးခွင်ကျယ် မဟုတ်ပါပဲ World Partyကလူတွေက ဆောင်းဝန်းကို အပြစ်တင်ဖို့ ကြိုးစားတဲ့အပေါ် ကျွန်တော် ဒေါသထွက်တာပေါ့၊ ပြီးတော့ ကျွန်တော်က ရန်စခဲ့တာလည်း မဟုတ်။
ဂီဂျယ်မူက ကျွန်တော် ဝမ်းနည်းသွားတယ်လို့ ပြောတော့ ခေါင်းယမ်းလာတယ်။ အပြစ်ရှိသလိုမျက်နှာလေးဖြစ်နေတဲ့ ကျွန်တော့်ကြောင့်များ ကျွန်တော့်အဖိုးက ဟာသများ ဖြစ်သွားလားတော့ သိချင်မိသား။
"မဟုတ်တာ မဟုတ်တာ။ အဲ့ကောင်ကသာ ရူးနေတာ။ သူတို့အမှားလားဆိုတာတောင် မစဉ်းစားပဲ ဆောင်းဝန်းဖက်ကအပြစ်ဆိုပြီး ဟန်ဆောင်ဖို့ လုပ်နေသေးတယ်။ အဖိုးက မြေးဆီကနေ နားမထောင်ရသေးခင်မှာကတည်းက တစ်ခုခုက မှားနေပြီဆိုတာ အဖိုးသိလိုက်တယ်"
"ကျွန်တော် အမှားများ လုပ်မိသွားလားဟင်?"
"မလုပ်ပါဘူး။ မြေးက ဆောင်းဝန်းကလူသာဆိုရင် လုပ်သမျှက မှန်တယ်! အာ!"
အခုလို ဖော်ဖော်ရွေရွေ ရှိလှတဲ့ညနေခင်းလေးမှာ စိတ်ကောင်းဝင်နေတဲ့ ဂီဂျယ်မူဆီကနေ လက်ဖက်ငှဲ့ပေးတာ ခံလိုက်ရပြီး ပြန်ထွက်လာလိုက်တော့တယ်။
ČTEŠ
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Akční#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.