မကောင်းဆိုးဝါးဘော့စ် စောင့်ကြပ်နေခဲ့တဲ့ ကမ္ဘာရှုထောင့်ကျောက်တုံးက သူ့ဆီမှာ တလက်လက် တောက်ပနေတယ်။
ဂွမ်ဂျယ်ဟော့က လိုဏ်ဂူထဲ ဝင်ဖို့ တုန့်ဆိုင်းနေပြီး အထဲကို ကြည့်လိုက်တယ်။
"မင်း-"
ဂွမ်ဂျယ်ဟော့က ပျောက်ဆုံးနေတဲ့ တစ်စုံတစ်ခုကို ရှာဖွေနေသလိုမျိုး အမူအရာနဲ့အတူ ဂျန်အွန်ယောလ်ကိုတော့ ဖျတ်ကနဲ ကြည့်ရုံကြည့်သွားတယ်။
အဲ့ဒီ့နောက် ဂွမ်ဂျယ်ဟော့က သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အမူအရာတွေကို ရုတ်သိမ်း၊ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ကျွန်တော့်ကို တစိုက်မတ်မတ်သာ စိုက်ကြည့်ပြီး ကျွန်တော့်နား လှမ်းလာတယ်။
"မင်းထိခိုက်သွားသေးလား?"
"ကျွန်တော်က အဆင်ပြေတယ်... ဒါပေမဲ့ အဲ့ဒီ့-"
သူဘာ့ကြောင့် ကမ္ဘာရှုထောင့်ကျောက်တုံးကို ကိုင်ထားရတာလဲ မသိတာမို့ ပဟေဠိဖြစ်နေချိန် ဂွမ်ဂျယ်ဟော့ကတော့ ပြုံးရုံ ပြုံးနေတယ်။ပြီးတဲ့နောက် ဂွမ်ဂျယ်ဟော့က ဂျောင်ရီဂျွန်းကို အသက်ရှူနေသေးကြောင်း စစ်ဆေးပြီး ကျွန်တော့်ကို မော့ကြည့်လာတယ်။
"အိမ်ပြန်ရအောင် ယွန်းဂျယ်" အဲ့ဒီ့စကားလုံးတွေကို ပြောပြီးနောက် ဂွမ်ဂျယ်ဟော့က ကမ္ဘာရှုထောင့်ကျောက်တုံးကို လက်ဗလာနဲ့ ခြေမွပစ်တယ်။
ဂွမ်ဂျယ်ဟော့ ကမ္ဘာရှုထောင့် ကျောက်တုံးကို အလွယ်တကူ ဖျက်ဆီးပြီးတဲ့နောက် အရာအားလုံး အလယ်ဗဟိုကို ဆွဲစုပ်ယူခံလိုက်ရတယ်။
ဂွမ်ဂျယ်ဟော့ကို စိုက်ကြည့်နေတဲ့ ဂျန်အွန်ယောလ်ကော၊ ကျွန်တော်နဲ့ သတိလစ်နေတဲ့ ဂျောင်ရီဂျွန်းအပါအဝင် ဂွမ်ဂျယ်ဟော့ကော အကုန်လုံး အဖြူရောင် အလင်းတန်းကြီးထဲ စုပ်ယူခံလိုက်ရတယ်။
ကျွန်တော် သတိရှိနေဖို့ ကြိုးစားခဲ့ပေမဲ့လည်း ခဏလောက် မေ့မျောသွားပြီး ပြန်နိုးလာတဲ့အခါမှာတော့ လိုဏ်ဂူထဲမှာ မဟုတ်တော့ဘူး။
ကျွန်တော်တို့ သုံးယောက်နဲ့ ဂွမ်ဂျယ်ဟော့အပြင်၊ ဂျန်အွန်ယောလ် ထိန်းချုပ်ထားတဲ့ နွားထီးကြီးကပါ အားကစားခန်းမကနေ ဖရိုဖရဲအဆောက်အဦကြီး ဖြစ်သွားတဲ့ ခန်းမကြီးထဲ ပြန်ရောက်လာတယ်။
ESTÁS LEYENDO
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Acción#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.