ကျွန်တော် ဖုန်းချလိုက်တာနဲ့ ကျွန်တော့်ဖုန်းကနေ သတိပေးသံ ထွက်ပေါ်လာပြီး ကျွန်တော့်အကောင့်ထဲကို ဝမ် ၁၀မီလီယမ် ရောက်လာတယ်။
(T/N : ၁၀မီလီယမ်ဝမ်က မြန်မာငွေ ၁၄၇၀၀၉၄၅.၆၂ကျပ် ၊ သိန်း၁၅၀နီးပါးပါ)ထင်တဲ့အတိုင်းပဲ ဂီဂျယ်မူက ရက်ရောလိုက်တာ။
သူငယ်ချင်းတွေနဲ့ စားစရာ တစ်ခုခု ဝယ်ဖို့အတွက် ၁၀မီလီယမ် ပို့ပေးတယ်တဲ့။ ပရဟိတသမား ကျနေတာပဲ။ ပမာဏကို ကျေနပ်စွာနဲ့ ကျွန်တော် ပြုံးလိုက်တာက ရယ်စရာကောင်းနေတော့ ဂီဟျွန်ဂျူးက ကျွန်တော့်ကို ကြည့်လာတယ်။
“…ဘာလို့လဲ?”
“မဟုတ်ပါဘူး၊ ဒီလိုပါပဲ… မင်းနဲ့ ဥဣဌကြီးက အဆင်ပြေနေပုံရတယ်။”
“ဟမ်?”
“မင်းက အမြဲတမ်း … အရမ်း ခက်ခဲတဲ့ အချိန်တွေပဲ ရှိခဲ့တာလေ။”
ဂီဟျွန်ဂျူးက တုံ့ဆိုင်းသွားပြီး “အရမ်း” ဆိုတဲ့ နေရာမှာ ဖိပြောလိုက်တယ်။ ကျွန်တော်က ဘာကိုမှ မမှတ်မိမှတော့ အေးဆေး တည်ငြိမ်တဲ့ အမူအရာကို ယူလိုက်ပြီး “အိုး တကယ်လား?” ဆိုတာလောက်ပဲ ပြောလိုက်တယ်။
ဂီယွန်းဂျယ်က ဂီဂျယ်မူနဲ့ဆို ခက်ခဲတဲ့ အချိန်တွေပဲ ရှိတာလား?
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဂီယွန်းဂျယ်ရဲ့ အကျင့်စရိုက်အရဆိုရင် ဂီဂျယ်မူနဲ့ အခက်အခဲတွေ မရှိသင့်ဘူး။ “ငါ့နေရာကို ယူထားတဲ့ လူအိုကြီး…”။ အဲဒီ့လို အကြံဆိုးတွေနဲ့ ရာထူးကို မက်နေတာကော မဖြစ်နိုင်ဘူးလား…?
ဒီကလေးအတွက် ပိုက်ဆံ ကိုင်ထားရမဲ့ လူတစ်ယောက် ဖြစ်လာဖို့ ခက်ခဲတယ်လား?
ဘာပဲဖြစ်ဖြစ် ဂီယွန်းဂျယ်က ပိုက်ဆံနဲ့ ရုန်းကန်နေမဲ့ ပုံကိုတော့ မြင်ကြည့်လို့ မရဘူး။ ဂီယွန်းဂျယ်ဆိုတာက သူ့မှာ ပိုက်ဆံမရှိရင်တောင် ပိုက်ဆံရှာနိုင်မဲ့ လူမျိုး မဟုတ်ဘူးလား?
ဒါပေမဲ့ ဂီယွန်းဂျယ် အနေနဲ့ ဂီဟျွန်ဂျူးနဲ့အတူ အတင်းတုပ်လို့ ရတဲ့ အကြောင်းပြချက် မရှိတော့ သူ(မူလဂီယွန်းဂျယ်)နဲ့ ဂီဂျယ်မူ ဘာအခက်အခဲတွေ ရှိလဲ သိချင်မိသား။
ŞİMDİ OKUDUĞUN
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Aksiyon#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.