ဒါဆို သူ(ဂွမ်ဂျယ်ဟော့)က ဘာလို့ အချိန်နောက်ပြန်ရောက် လာရတာလဲ?
ကျွန်တော် ဘယ်လောက်ပဲ စဉ်းစားနေပါစေ၊ သူအချိန်နောက်ပြန်ရောက်လာရမဲ့ အကြောင်းပြချက်က တစ်ခုပဲရှိတယ်။
သူက မူလဂီယွန်းဂျယ် သေဆုံးမှုအပေါ် နောင်တရလို့လား?
မူလဂီယွန်းဂျယ်နဲ့ပဲ အဆုံးအထိ အတူရှိလာတဲ့ ဂွမ်ဂျယ်ဟော့က ယွန်းဂျယ်ရဲ့ သေဆုံးမှုကိုပဲ ကြုံတွေ့လိုက်ရတယ်။ သေဆုံးမှုပြီးနောက် ဂွမ်ဂျယ်ဟော့ ပျောက်သွားပြီး ဘယ်မှာမှ ရှာမရတော့ဘူး။
မူလဂီယွန်းဂျယ် သေဆုံးမှုအပေါ်ကို သူတကယ် နောင်တရနေခဲ့တာဆိုရင်...
ကျွန်တော် ဘာဖြစ်လာမှာလဲ?
ကျွန်တော်က ဂီယွန်းဂျယ် မဟုတ်ဘူးလေ။ ဂီယွန်းဂျယ်ရဲ့ သေဆုံးမှုက သူ့ကို အချိန်နောက်ပြန်ရောက်လာစေတယ်ဆိုရင် ဒီခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ကျွန်တော်က ဘာဖြစ်သွားမှာလဲ? ကျွန်တော့်လည်ပင်းတစ်လျှောက် အေးစိမ့်သွားလို့ လက်နဲ့ ပွတ်လိုက်တယ်။
ဂီဟျွန်ဂျူးက ဂွမ်ဂျယ်ဟော့ကို သံသယဖြစ်ကြောင်း ဆက်ပြောနေချိန်မှာပဲ သူမရဲ့ဖုန်းက အသံမြည်လာတယ်။ ဂီဟျွန်ဂျူးက ဖုန်းဖြေလိုက်ပြီးနောက် ထိတ်လန့်သွားတော့တယ်။
"ဘာ? သူတို့ စံအိမ်ထဲကို ဝင်လာတယ်? သူတို့ကို ဘယ်သူက ခွင့်ပြုချက် ပေးလို့လဲ? စံအိမ်ရှင်က? မင်းရူးနေလား? Hey! ဂီယွန်းဂျယ် မင်း အမေရိကန်အစိုးရကို စံအိမ်ထဲ ဝင်ခွင့်ပေးလိုက်တာလား?"
"မပေးဘူး"
"ဒီအရူးတွေကတော့... ငါအခုလာခဲ့မယ်! သူတို့ မဝင်နိုင်အောင် သေချာလုပ်ထား!"
သူမဖုန်းဖြေပြီးနောက် ဂီဟျွန်ဂျူးက အံကြိတ်လိုက်ပြီး သူမသွားမှရမယ်လို့ ပြောတယ်။ သူမ အလျင်အမြန်ကို ထွက်သွားတယ်။ အဲ့ဒီ့အချိန်မှာသာ တစ်ချိန်လုံး တိတ်နေခဲ့တဲ့ ဂျန်အွန်ယောလ်ရဲ့ အသံက ဆေးရုံခန်းထဲမှာ ထွက်လာတယ်။
"စကားမစပ်... မင်းဘာလို့ ဖုံးကွယ်ထားတာလဲ?"
"ဟမ်?"
VOCÊ ESTÁ LENDO
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)
Ação#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permission from English translator - IceCherry to translate this novel.