ပညာသင်ယူနေတဲ့အရွယ်မှာအချစ်ဆိုတာ
ဘယ်လိုမျိုးလဲ ... သိချင်တဲ့စိတ်ကများပြီး
လက်တွေ့စမ်းသပ်ခဲ့မယ်ဆိုရင်တော့ဘ၀က
ဒီမှာတင်ရေစုန်မျောသွားပြီးပညာရေးဘက်
မှာချူချာသွားမယ်ဆိုတာ Jungkook ကောင်းကောင်းခွဲခြားတတ်တယ် ။အခုကျွန်တော်တို့ကရှစ်တန်းကျောင်းသား
လေးတွေမဟုတ်တော့ဘူး ။ ပိုပြီးမြင့်မားလာ
မယ့်ဘ၀တစ်ခုလုံးကိုဆုံးဖြတ်ပေးမယ့် ဆယ်တန်းကျောင်းသားတွေဖြစ်လာပြီ ။ဆယ်တန်းကျောင်းသားတွေမို့ ရည်မှန်းချက်တွေ
အောင်မြင်ဖို့နေ့နေ့ညညစာကြိုးစားနေရတယ် ။ဘာပဲဖြစ်ဖြစ်ပညာရေးကသာအခြေခံပါ ။ ဆယ်တန်းစာမေးပွဲအောင်ပြီး ငယ်ငယ်တုန်းကဖြစ်ချင်ခဲ့သည့်ရည်မှန်းချက်တွေသည် အောင်မြင်
ရမည်ဆိုတဲ့အတွေးနဲ့ပဲစာကြိုးစားတယ် ။Jungkook သည် Jimin ကိုကျောင်းစပြောင်း
လာတဲ့နေ့ကတည်းက မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာဝန်ခံရမယ် ။ အခုချိန်ထိသူငယ်ချင်းဖြစ်ပြီးခင်မင်ခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်မိတယ် ။ဒါပေမယ့် Jimin ကို
" ချစ်တယ် " ဆိုတဲ့စကားလုံးကိုတစ်ခါမှမဖွင့်ပြောခဲ့ဘူး ။ ပညာသင်နေတဲ့အချိန်မှာ
အချစ်ရေးကိုစိတ်ဝင်စားဖို့အချိန်မရှိလို့ပဲ ။Jungkook သည်တခါတလေ Jimin ကိုချစ်တယ်လို့တည့်မဖွင့်ပြောဘဲအခြားစကားလုံး
တွေနဲ့သွယ်ဝိုက်ပြီးပြောတတ်သည် ။သွယ်ဝိုက်ပြီးပြောလည်း နားမလည်တဲ့ငတုံးလေးပါ ။ ရှစ်တန်းတုန်းကခြံထဲမှာဘောလုံးလာယူတဲ့နေ့တုန်းက " မြင်ပါများပြီး ချစ်ကျွမ်းဝင်အောင် " လို့ပြောခဲ့တုန်းကလည်း Jimin အရမ်းရှက်သွားပြီးပြေးထွက်သွားတာခလုတ်တောင်တိုက်တယ် ။
ကျွန်တော်ကပညာရေးနဲ့အချစ်ရေးကို
ကောင်းကောင်းခွဲခြားတတ်တယ် ။မနက်ဖြန်ဆိုရင်ဆယ်တန်း Final Exam က
ဖြေရတော့မယ် ။ ဆယ်တန်းကျောင်းသားတွေလည်း စာအုပ်နဲ့မျက်နှာခွာရတဲ့အချိန်မရှိ ။
ဘ၀တစ်ခုလုံးကိုဆုံးဖြတ်ပေးမဲ့အရေးကြီးတဲ့စာမေးပွဲကြီး ။တချို့တွေကစာမေးပွဲအောင်ဖို့ဗေဒင်မေးပြီး
ယကြာချေကြတယ် ။ အဲ့လိုလူတွေကတကယ့်
ကိုဆေးမမှီတဲ့အရူးတွေပါ ။ စာတွေအကုန်ကျေအောင်ကျက်ထားပြီးစာမေးပွဲမှာဖြေနိုင်တဲ့
သူကအောင်မယ် ။ မဖြေနိုင်တဲ့သူက
ကျရှုံးမယ်ဆိုတာအမှန်တရားပဲ ။
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete