အိပ်ယာထနောက်ကျသွားလို့ အလုပ်သွားဖို့
အချိန်နောက်ကျနေပြီဖြစ်တဲ့ Jimin သည် အလောတကြီး ရေချိုးခန်းထဲဝင်သွားပြီး
မျက်နှာသစ် ၊ သွားတိုက် ၊ ရေမြန်မြန်ချိုး
လိုက်သည် ။ရေချိုးခန်းထဲကနေခါးအောက်ပိုင်းကိုသပတ်
ပတ်ပြီးပြန်ထွက်လာတော့ ဗီဒိုထဲက Shirt အဖြူရောင်နဲ့ဂျင်းဘောင်းဘီရှည်အနက်ကို
ထုတ်လိုက်ပြီး ၀တ်ဆင်လိုက်သည် ။ရွှေအိုရောင်ရှိတဲ့ဆံပင်လေးကိုတစ်ချက်ဖွလိုက်
ကာခေါင်းကိုသပ်သပ်ရပ်ရပ်ဖြီးလိုက်သည် ။ထို့နောက်ဘေးလွယ်အိတ် အပြာရောင်လေး
ကိုလွယ်လိုက်ပြီး ခြေလှမ်းကျဲစွာဖြင့် အောက်
ထပ်ဆင်းမလို့ လှေကားထစ်နားမှာခြေတစ်
လှမ်းလှမ်းရုံပဲရှိသေး ... အနောက်က Sona
ကလှမ်းခေါ်နေတာကြောင့်ရပ်လိုက်သည် ။" Jimin ... ဒေါ်လေးအခန်းထဲကမီးချောင်း
ပျက်သွားလို့ အသစ်ပြန်လဲပေးပါလား "" သားအလုပ်ကပြန်လာမှမီးချောင်းအသစ်
၀ယ်လာပြီး အသစ်လဲပေးမယ်လေ ။
သားအခုအလုပ်နောက်ကျနေလို့ပါ "" မရဘူး အခုလဲပေး .. ။ မီးချောင်းက
ကျွမ်းသွားတာနေမှာ ။ ငါအခုမှနင့်ကို
ဒါလေးခိုင်းတာပါဟယ် တစ်ခါမှလည်း
မခိုင်းဖူးပါဘူး ။ အခုမှတစ်ခါလေးခိုင်း
တာကိုအလုပ်နောက်ကျနေပြီဆိုတဲ့
အကြောင်းပြချက်လာပေးနေတယ် "ထိုစကားကြောင့် Jimin သည်စိတ်ထဲမှာ
တစ်မျိုးဖြစ်သွားသည် ။ တစ်ခါမှမခိုင်းဖူး
တာသိပေမယ့်အခုကတကယ်အလုပ်နောက်
ကျနေပြီမို့ အခုချက်ချင်းမလုပ်ပေးဖြစ်ခြင်း ။
ပြီးတော့အခန်းထဲကမီးချောင်းက ညမှအသစ်
လဲလည်းရတာပဲ ။ အခန်းမီးကညမှဖွင့်ရမှာလေ ။" သားအကြောင်းပြချက်ပေးတာမဟုတ်ရပါ
ဘူး ။ သားတကယ်အလုပ်နောက်ကျနေလို့ပါ ။
ဒီနေ့ company မှာအရေးကြီးလုပ်စရာတွေ
အများကြီးရှိနေလို့ "" ရပြီ .. သွားတော့ ။ နောက်တစ်ခါငါနင့်ကို
ဘယ်တော့မှမခိုင်းတော့ဘူး ။ ငါ့ဘာသာအလုပ်
သမားကိုခေါ်ပြီး မီးချောင်းအသစ်လဲခိုင်း
လိုက်တော့မယ် "
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete