Part - 30

2.8K 272 53
                                    

" ငါတို့ လမ်းခွဲကြရအောင် "

တိတ်ဆိတ်နေသောအခြေအနေကို စတင်ဖြိုခွဲပြီး
လမ်းခွဲစကားအရင်စပြောခဲ့သူက Jungkook ပင်
ဖြစ်သည် ။ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တုန်းကသူကိုယ်တိုင်ဝတ်ပေးထားတဲ့ လက်စွပ်လေးကို
လွှင့်ပစ်လိုက်တာတော့ ဘယ်လိုမှကိုခွှင့်လွတ်လို့
မရအောင် အင်မတန်ဒေါ်သထွက်သည် ။

ချစ်သူဒေါက်တာရဲ့ လမ်းခွဲမယ်ဆိုတဲ့
စကားကြောင့် Park Jimin ရဲ့ရင်ထဲမှာ
ဘယ်သူမှမသိအောင် ကမ္ဘာပျက်သွား
လေသည် ။

" ဘာ ... လမ်းခွဲကြမယ်ပေါ့ဟုတ်လား ။ လက်
စွပ်လေးပျောက်တဲ့ကိစ္စနဲ့ မင်းကငါ့ကိုအရင်လမ်းခွဲစကားပြောတယ်ပေါ့ ။ အေး ... ရတယ် မင်းရဲ့သဘောပဲ ။ ငါတို့နှစ်ယောက်လမ်းခွဲကြမယ် "

" မင်းကငါ့ကိုတကယ်မချစ်ခဲ့ဘူး ။ နှစ်ယောက်
သား ဘယ်လောက်ပဲစကားများရန်ဖြစ်ပါစေ ။
ငါတစ်ခါမှလက်စွပ်ကိုလွှင့်ပစ်ဖို့ စိတ်ကူးတောင်
မရှိခဲ့ဘူး ။ လက်စွပ်ကိုလွှင့်ပစ်ဖို့နေသာသာ မင်းကိုချစ်လွန်းလို့ ငါ့ကိုစိတ်ဆိုးသွားရင်မနေတတ်
လို့ဘယ်လိုချော့ရမလဲဆိုတာ တွေးနေခဲ့တာ ။ အခုတော့ ငါသိသွားခဲ့ပြီ ။ မင်းကငါ့အပေါ်
သစ္စာမရှိတဲ့သူ Park Jimin "

ဖြောင်း !!!!

Jimin သည် Jungkook ရဲ့စကားကိုလုံးဝ
နား၀င်မချိုလို့ ရှိသမျှအားတွေစုပြီး ဘယ်
ဘက်ပါးပြင်ပေါ်ကို လက်ဖဝါးငါးချောင်းရာ
ထင်အောင် ခပ်စပ်စပ်တစ်ချက်ရိုက်ချလိုက်
သည် ။ တစ်ခါမှမရိုက်ဖူးပေမယ့်ဒီတစ်ခါတော့
လုံးဝသည်းမခံနိုင်တော့လို့ ရိုက်လိုက်မိပြီ .. ။

" မင်းငါ့ကို ဒီစကားလုံးဝပြောစရာအကြောင်း
မရှိဘူး ။ ငါကမင်းအပေါ်သစ္စာမရှိဘူးလို့ ပြော
ရအောင် မင်းနဲ့ငါတွဲလာခဲ့တဲ့ ၇ နှစ်လုံးလုံး
ငါဘယ်သူ့နဲ့မှ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်အောင်
မနေခဲ့ဘူး ။ အဲ့လို​သာပြောကြေးဆိုရင် မင်းက
သာ ငါ့အပေါ်အချစ်တွေလျော့ပြီး ဂရုမစိုက်
ခဲ့တာ Jeon Jungkook !!! "

ပါးရိုက်ခံလိုက်ရသော Jungkook သည်ဒေါ်သ
ထွက်လာပြီး မျက်ထောင့်နီကြီးနဲ့ ချစ်သူလေးရဲ့
မျက်နှာကို သေချာစိုက်ကြည့်ပြီး လက်သီးကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားသည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now