" Jungkook ငါတို့ Club သွားကြရအောင် ။
မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ Club
မှာအေးဆေးသွားကဲကြမယ် "NamJoon သည်ကုတင်ပေါ်တွင်လဲလျောင်း
နေသည့် Jungkook ကို သူနဲ့ Club အတူတူ
သွားဖို့အဖော်စပ်နေသည် ။ Club သည်
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့စုပြီး
အတူတူသွားမှ ပျော်ရွှင်စရာကောင်းမှာ
သေချာတယ် ။" ဟင့်အင်း ငါမလိုက်တော့ဘူး ။
ငါဒီနေ့အေးဆေးနားလိုက်အုံးမယ် "" ဘာလို့လဲကွာ Club မှာ ဝိုင်တွေသောက်ကြ
မယ်လေ ။ ပြီးရင် Sexy ကျတဲ့ကောင်မလေး
ချောချောလေးတွေကိုလိုက်ငမ်းကြမယ်လေ ။
ယောက်ကျားလေးဖြစ်ပြီးတော့ Club သွားရ
တာစိတ်မ၀င်စားဘူးလား "" ငါတကယ်မလိုက်ချင်ဘူးကွာ ။ ငါစာကျက်
ရမှာအများကြီးရှိသေးတယ် ။ ငါကမင်းလို
IQ မမြင့်တဲ့အတွက်စာတွေအများကြီးကို
တစ်ပြိုင်နက်တည်းမကျက်နိုင်ဘူး ။ ပြီးတော့
ငါ Club သွားတာငါ့ချစ်သူကြိုက်မှာမဟုတ်ဘူး "" ဘာလဲ မင်းကချစ်သူကိုကြောက်တာလား "
Namjoon ရဲ့အဓိပ္ပာယ်မရှိတဲ့မေးခွန်းကြောင့်
Jungkook မျက်နှာသည်တစ်ချက်မဲ့သွားပြီး
မျက်ခုံးတွေသည်တွန့်ကနဲဖြစ်သွားသည် ။ကု
တင်ပေါ်တွင်လဲလျောင်းနေရာမှထထိုင်လိုက်သည် ။" ငါက ချစ်သူကိုကြောက်တာဟုတ်ဘူး
ချစ်တာ ။ သူ့ကိုချစ်လို့ သူမကြိုက်တဲ့
အရာမှန်သမျှငါဘာမှမလုပ်ဘူးလို့
ဆုံးဖြတ်ထားတယ် "" ဒါဆိုရင် တကယ်လို့မင်းချစ်သူက Club
သွားနေရင်ရော မင်းစိတ်ဆိုးမှာလား "ထိုမေးခွန်းကြောင့်လည်း Jungkook
တွေဝေရပြန်ပြီ ။ Namjoon ကဥပမာ
အနေနဲ့ပြောပြီးမေးလိုက်ပေမယ့် ချစ်ရသူက
တကယ် Club သွားရင်တောင်စိတ်မဆိုး
နိုင်ပါဘူး ။" ဟင့်အင်း ငါ့ချစ်သူ Club သွားရင်
စိတ်ဆိုးစရာဘာအကြောင်းမှမရှိဘူး ။
ငါကအကြောင်းမရှိအကြောင်းရှာပြီး
ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဆိုပြီး
အစစအရာရာလိုက်ပြောနေမယ့်
ကောင်မဟုတ်ဘူး "Jungkook သည်သူ့ချစ်သူ Jimin ကိုအရမ်း
ချစ်သည် ။ ချစ်သူဖြစ်နေပြီမို့တစ်နေ့ကျရင်
လက်ထပ်မယ်လို့လည်းရည်ရွယ်ထားတယ် ။ လက်ထပ်ပြီးရင်လည်း ချစ်လို့ယူထားတဲ့
အတွက်တစ်သက်လုံးစိတ်ချမ်းသာအောင်
ထားမယ်လို့ပဲဆုံးဖြတ်ထားသည် ။ သူပြောတဲ့
စကားတိုင်းကိုနားထောင်မယ် ။ သူမကြိုက်တဲ့
အလုပ်ကိုလည်းဘယ်တော့မှမလုပ်ဘူး ။ ကြောက်လို့တော့မဟုတ်ဘူး ချစ်လို့ပဲ ။
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete