Part - 6

3.4K 323 24
                                    

Jung Hoseok သည်နောက်ဆုံးတော့လည်း
ဘူဆန်ကနေ Seoul မြို့ကိုရောက််လာခဲ့ပြီ ။ အခု
မှ Seoul ကိုရောက်ဖူးတာဆိုတော့ ကားလမ်းမ
ထက်မှာမျက်စိလည်ပြီးယောင်ချာချာဖြစ်နေသည် ။ အရင်ဆုံးဘာလုပ်ရမလဲဆိုတာ
တွေဝေစဥ်းစားနေမိသည် ။ ကိုယ်ကအနေအေးပြီးတုံးအတဲ့သူမဟုတ်တာကြောင့် သွားလာရ
တာသိပ်ပြီးအခက်အခဲမရှိအဆင်ပြေတယ် ။

Seoul မှာရှိတဲ့အဒေါ်ရဲ့အိမ်မှာခဏနေ
မယ်လို့ဆုံးဖြတ်ထားတာကြောင့် အိမ်လိပ်
စာအတိုင်းသွားဖို့ကားငှားရမယ် ....  ။

Hoseok ဖုန်းကမရှိမဖြစ်လိုအပ်တာကြောင့်
ဘူဆန်မှာကတည်းကဖုန်းဆိုင်မှာတစ်ခါတည်း
သုံးရတာအဆင်ပြေပြီးအရမ်းစျေးမကြီးတဲ့
ဖုန်း၀ယ်ခဲ့သည် ။

ဗိုက်ကလည်းဆန္ဒပြပြီးတဂွီဂွီမြည်နေပြီဖြစ်တာကြောင့်ဗိုက်ဆာတဲ့ဒဏ်ကိုချုပ်တည်းမနိုင်
တော့ဘဲ စားသောက်ဆိုင်ထဲကို၀င်သွားခဲ့သည်။

" အစ်ကို ဘာများသုံးဆောင်မလဲရှင့် "

" ကျွန်တော့်ကို ခေါက်ဆွဲကြော်တစ်ပွဲနဲ့
သံပုရာဖျော်ရည်တစ်ခွက်ပေးပါ ။
ဒါနဲ့ဒီဆိုင်မှာသန့်စင်ခန်းရှိလား "

" ရှိပါတယ် ။ အနောက်ဘက်ကိုတည့်တည့်
သွားပြီးညာဘက်ချိုးလိုက်ရင်သန့်စင်ခန်း
ရောက်ပါပြီ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

ဆိုင်၀န်၀မ်း​ကောင်မလေးကို Hoseok သည်
ပြုံးပြလိုက်ပြီးလမ်းညွန်ရာအတိုင်းသန့်စင်
ခန်းသို့သာအလျင်အမြန်ထွက်လာခဲ့
လိုက်သည် ။

တော်ကြာ မထိန်းထားနိုင်ရင်ဒုက္ခ ... ။

TaeHyung သည်သန့်စင်ခန်းကနေအထွက်
နံရံအကွယ်မှာသန့်စင်ခန်းထဲကိုအလောတကြီး
၀င်လာတဲ့ Hoseok က၀င်တိုက်မိတာ​ကြောင့်
TaeHyung လက်ထဲမှာကိုင်ထားတဲ့ Camera လေးသည်လွတ်ကျကွဲသွားခဲ့သည် ။

" သွားပါပြီကွာ ။ မှန်ကွဲသွားပြီထင်တယ် "

TaeHyung သည်ကျကွဲသွားတဲ့ Camera
လေးကိုကောက်လိုက်ပြီး ဘယ်အစိတ်
အပိုင်းပျက်စီးသွားသလဲဆိုတာစစ်ဆေး
ကြည့်လိုက်သည် ။

" တကယ်ပါပဲ မှန်ဘီလူးအသေးလေး
ကွဲသွားပြီ  "

Hoseok လည်းအလောတကြီးသန့်စင်ခန်း
ထဲကိုပြေး၀င်လာမိပြီးမတော်တဆ၀င်တိုက်မိ
လိုက်လို့ ကင်မရာကွဲသွားတာကြောင့်
တစ်ဖက်လူကျေနပ်မှုရရှိအောင်တုန့်ဆိုင်း
မနေပဲအလျင်အမြန်တောင်းပန်လိုက်သည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now