Part - 26

2.4K 224 16
                                    

တိုက်ခန်းကိုရောက်တော့ Jungkook သည်
Jimin ကိုလက်ကောက်၀တ်ကနေညင်သာမှု
မရှိကြမ်းတမ်းစွာဆုပ်ကိုင်ထားရာမှလွှတ်ပေး
လိုက်သည် ။ အခန်းတံခါးကိုလည်း သေချာ
ပိတ်လိုက်သည် ။

" ဒီမှာ .. မင်းဘာဖြစ်နေတာလဲ ။ ငါ့လက်
အရမ်းနာတယ် သိရဲ့လား ။ မင်းရဲ့အသား
မဟုတ်တိုင်း ငါ့ရဲ့အသားကိုနာကျင်အောင်
မလုပ်နဲ့ "

" ဟက် ... ငါမင်းရဲ့လက်ကိုဆုပ်ကိုင်တာ
တောင်နာတယ်ဆိုရင် မင်းနဲ့ဟိုကောင်
Club မှာအရှက်မရှိဘဲ နမ်းတဲ့ပုံကိုမြင်ရ
တဲ့ ငါကမနာကျင်ရဘူးလား ။ မင်းနဲ့ငါ
ဒီနေ့အဲ့ကိစ္စကို အပြီးရှင်းရမယ် "

" ဟမ် !!! "

Jimin သည် Jungkook ပြောတဲ့စကားတွေကို
တကယ်လုံး၀နားမလည်တာကြောင့် နည်းနည်း
တော့အံ့သြသွားပြီး ချစ်သူဒေါက်တာလေးရဲ့
မျက်နှာကို ပြူးကြည့်နေသည် ။ ဘာတဲ့ ....
ငါက Club မှာဟိုကောင်နဲ့ အရှက်မရှိဘဲ
နမ်းတယ်ဟုတ်လား ။ ဟိုကောင်ဆိုတာ
က ဘယ်သူလဲ ... ။

Jungkook သည်ဘောင်းဘီအိတ်ကပ်ထဲမှာ
ထည့်ထားတဲ့ဖုန်းကိုထုတ်လိုက်ပြီး မနေ့ညက
Anna ပို့ထားတဲ့ ဓါတ်ပုံတွေကိုပြလိုက်သည် ။

" မျက်လုံးကောင်းကောင်းနဲ့ ပုံကိုသေချာ
ပြူးကြည့်စမ်း ။ အဲ့ဒါကမင်းတို့နှစ်ယောက်
ဘာဖြစ်နေကြတာလဲ ငါ့ကိုအမှန်အတိုင်း
ပြောစမ်း Park Jimin !!! "

" ဟမ် ... ဒီပုံတွေက "

Jimin သည် Jungkook ဖုန်းထဲကနေပြတဲ့ဓာတ်ပုံတွေကိုမြင်တော့ ပါးစပ်မစိနိုင်လောက်အောင်အံ့သြနေသည် ။ မနေ့ညက Club မှာအရက်ကိုလူမှန်းသူမှန်းမသိအောင် အလွန်အကျွံသောက်ခဲ့တာ မှားပြီထင်ပါရဲ့ ။ ပုံတွေကြောင့် မနေ့ညကဘာဖြစ်ခဲ့လဲဆိုတာ ဘယ်လိုပဲပြန်စဥ်းစား မှတ်ညာဏ်ကလုံး၀မထွက်လာဘူး ။

ငါကဘယ်လိုတွေတောင် Yoongi ရဲ့ရင်ခွင်ထဲ
ကိုရောက်နေရတာလဲ ။ ပြီးတော့ ငါကဘာလို့
Yoongi ရဲ့နှုတ်ခမ်းကိုသွားနမ်းရတာလဲ ။
မနေ့ညကအရက်မူးပြီးတည်းက ဘာတွေ
ဆက်ဖြစ်လဲဆိုတာ ကိုယ်တိုင်တောင်မသိဘူး ... ။

" ​Park Jimin , ဒါမျိုးကျတော့ဘာစောက်
အသံမှမထွက်လာတော့ဘူးလား ။ ခုနက
ငါ့ကိုကပ်ကပ်လန် ရန်ပြန်တွေ့သလိုမျိုး
ဒီပုံတွေက ဘာလဲဆိုတာ ဖြေရှင်းချက်
ပေးလေ !!! "

အဖြူရောင်နှလုံးသား Where stories live. Discover now