25th . June
ချစ်သူသက်တမ်း 7 နှစ်ပြည့်တဲ့နေ့ ... ။ဒီနေ့ Jimin သည်ချစ်သူသက်တမ်း 7 နှစ်
ပြည့်တဲ့နေ့ဖြစ်တာကြောင့် အရမ်းပျော်ရွှင်နေ
သည် ။ အချစ်တွေခိုင်မြဲလွန်းလို့ ချစ်သူဒေါက်
တာလေးနဲ့ချစ်သူဖြစ်ခဲ့တာ 7 နှစ်ရှိသွားခဲ့ပြီ ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်
ကောက်ကြရင်လည်းတစ်နာရီတောင်မကြာ မခေါ်မပြောပဲဘယ်သူမှမနေနိုင်ကြဘူး ။ သည်နေ့ ချစ်သူသက်တမ်း 7 နှစ်ပြည့်တဲ့နေ့လေးမှာ
Jimin သည်ချစ်သူဒေါက်တာလေးနဲ့အချိန်
တွေကိုအတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း
ပစ်မယ်လို့ စိတ်ကူးထားသည် .... ။" ဒီနေ့တနင်္ဂနွေနေ့ဖြစ်ရင်သေမလို့လား .. ။
စနေနေ့ဆိုတော့ နှစ်ယောက်လုံး ညကျမှ
အားပြီး ချစ်သူသက်တမ်း 7 နှစ်ပြည့်တဲ့
နေ့ကိုအတူတူဖြတ်သန်းရမယ် "Jimin သည်ကိုယ်လုံးပေါ်မှန်ရှေ့တွင်
အ၀တ်အစားလဲပြီး ရွှေအိုရောင်ရှိတဲ့
ဆံပင်လေးကို သပ်သပ်ရပ်ရပ်ဖြီးနေ
ရင်းနဲ့ နှုတ်ခမ်းလေးကိုဆူကာ ပါးစပ်
ကနေပွစိပွစိပြောနေသည် ။ပြီးတော့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့
နေ့တုန်းက သူ့ရဲ့လက်ခလယ်မှာ Jungkook
၀တ်ပေးထားတဲ့လက်စွပ်လေးကိုကြည့်နေ
မိသည် ။" ချစ်သူက သူ၀တ်ပေးထားတဲ့လက်စွပ်
လေးကို ငါ့ကိုစိတ်ကုန်သွားတဲ့တစ်နေ့ ဒီလက်စွပ်လေးကိုလွှင့်ပစ်လိုက်လို့ပြောထားတာ ။ အခုချိန်ထိစိတ်မကုန်သေးလို့ ဒီလက်စွပ်လေးကို၀တ်ထားတာ သိရဲ့လား ... အဖိုးကြီးရဲ့ "Jimin သည်မျက်နှာလေးပြုံးရွှင်စွာဖြင့်တစ်
ယောက်တည်းပြောနေသည် ။ ထို့နောက်
အခန်းထဲကထွက်လာပြီးအလုပ်သွားရန် Translation Company သို့ကားမောင်း
ထွက်သွားခဲ့သည် ။>>><<<
ဂျာဟန်ဆေးရုံတွင် ဒီနေ့ဆရာ၀န်တွေသူနာပြုမလေးတွေအကုန်လုံးအလုပ်ရှုပ်နေကြသည် ။ ကျန်းမာရေး၀န်ကြီးကလည်း ဒီနေ့ဂျာဟန်ဆေးရုံကိုလာစစ်ဆေးမယ်လို့ပြောထားတာကြောင့်
ဟာကွက်မရှိအောင် အကုန်ပြင်ဆင်
နေကြရသည် ။" Dr . Jungkook ရေ ... နေ့လယ် 2 နာရီ
ကျရင်ခွဲစိတ်ဆရာ၀န်တွေနဲ့ သွားနှင့်ခံတွင်း အထူးကုတဲ့ဆရာ၀န်တွေအကုန်လုံးကို
ဆေးရုံအုပ်မှူးကြီးကလာခဲ့ပါတဲ့ ။အစည်း
အဝေးလုပ်မယ်လို့တော့ပြောတယ် "
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete