Part - 19

2.1K 188 18
                                    

နွေရာသီကုန်ခါနီး မိုးရာသီပြုစတွင်မိုးဖွဲလေး
တွေသည်တစ်ဖြောက်ဖြောက်ကျနေသည် ။
Translation Company တစ်ခု၌ဇာတ်ကား
ဘာသာပြန်ခြင်းငှာနတွင် Jimin နဲ့ Yoongi
တို့သည် ဘေးချင်းကပ်ရပ်အလုပ်အတူတူ
တွဲလုပ်နေကြသည် ။

" ငါတို့ဒီဇာတ်ကားကိုဒီနေ့အပိုင်း
ဘယ်လောက်ထိ ဘာသာပြန်ပေး
ရမှာလဲ "

" Part 1 ကနေ Part 3 ထိ ထင်တယ် ။
ဇာတ်ကားလည်းကြည့်ရတယ် ။ ပိုက်ဆံ
လည်းရတယ် ။ Translator လုပ်တာ
အေးဆေးပဲ ဟီး "

Jimin သည်အခုတလောမှထွက်ရှိထားတဲ့
( Abyss ) ကိုရီးယားဇာတ်လမ်းတွဲအသစ်
ကို Edit ပြီး ကွန်ပျူတာနဲ့ဇာတ်လမ်းစာတန်း
ထိုးနေတဲ့နေရာတွင် English လိုစာရိုက်ပေး
နေသည် ။ စကားပြောတွေကို English
တွေကို Sentences တည့်အောင် ဘာ
သာပြန်နေခြင်းသည် ကိုရီယားဇာတ်
လမ်းတွဲအသစ်ကို နိုင်ငံခြားအထိပါ
ထုတ်လွှင့်ပေးမလို့ဖြစ်သည် ။

ဇာတ်ကားဘာသာပြန်နေရင်းနဲ့ဘေးနားမှာ ထိုင်ပြီးအတူတူအလုပ်လုပ်နေတဲ့ Yoongi ကို
စကားများနေသည် ။

" ခဏလေး ... ငါ့ချစ်သူကိုစာပို့လိုက်အုံးမယ် ။
နောက်မှစာထပ်ရိုက်တော့မယ် အခုလက်
ညောင်းသွားပြီရယ် "

" အင်း ... တော်တော်ပဲ ။ ချစ်သူကိုစာပို့ရတာ
နဲ့ ဖုန်းဆက်ရတာနဲ့ အေးဆေးသာယာနေတာပဲ "

Jimin သည် Yoongi ကိုမျက်လုံးလေးတွေ
မှေးမှိန်သွားတဲ့အထိပြုံးပြလိုက်ပြီးဘောင်း
ဘီအိတ်ကပ်ထဲမှာထည့်ထားတဲ့ဖုန်းကို
ထုတ်လိုက်ကာ Message ထဲဝင်လိုက်
သည် ။

💬 ဒေါက်တာလေး နေ့လယ်စာကိုအသင့်
စားခေါက်ဆွဲမစားနဲ့နော် ။ ဆရာဝန်ဖြစ်ပြီး
နေ့လယ်စာကိုအာဟာရမရှိတဲ့အစားအစာ
တွေစားတဲ့ မင်းကိုလေ ငါကရိုက်ပစ်
ချင်တယ် ။ ညကျရင်ငါမင်းရဲ့တိုက်ခန်းကို
လာခဲ့မယ် ။ Fly Kiss မင်းရဲ့နှုတ်ခမ်း
လေးဆီသို့ ... ။

Jimin သည် Jungkook ဆီကို စာရိုက်ပြီး
Message တစ်ကြောင်းပို့လိုက်သည် ။

" ပတ်ကြီး ... မင်းနဲ့ဟိုဆရာဝန် Jungkook
ကချစ်သူဖြစ်တာ သက်တမ်းဘယ်လောက်
ရှိသွားပြီလဲ ။ စပ်စုတယ်လို့မထင်လိုက်နဲ့
ငါကသိချင်လို့မေးကြည့်တာ "

အဖြူရောင်နှလုံးသား Where stories live. Discover now