Jungkook နဲ့ Jimin သည်ပြန်အဆင်ပြေပြီး ချစ်
သွားကြပြီမို့ တနေ့ခင်းလုံး ဆာကူရာပန်းပွဲတော်ကနေ နေရာအနှံ့ကိုလျှောက်လည်လာပြီးညမိုးချူပ်မှ Hotel သို့ပြန်လာခဲ့ကြသည် ။" အူကြူးလေး ... ရေအရင်ချိုး "
" ဟင့်အင်း မချိုးချင်ဘူး "
" ဘာလို့လဲ "
" အရမ်းချမ်းလို့ ရေချိုးပြီးအအေးပတ်လို့
သေသွားရင် မင်းတာ၀န်ယူမလား "" ဟောဗျာ ... ရေချိုးပြီးသေတဲ့မသာတစ်ခါမှ
မကြားဖူးဘူးနော် ။ ချမ်းလည်း တနေ့တခါ
တော့ရေချိုးပါ အူကြူးလေးရယ် ။ ဒီနေ့တစ်နေ
ကုန်ငါတို့ နေရာအနှံ့လျှောက်ပတ်သွားထားတာ
လေ ။ ချွေးနံ့တွေနံနေပြီ .. ရေသွားချိုးနော်
လိမ္မာတယ် ။ အူကြူးလေး ရေအရင်ချိုးပြီး
မှ ငါရေချိုးမယ်နော် "" ဘာလဲ ငါချွေးနံ့နံရင် မင်းကမချစ်တော့
ဘူးပေါ့ ။ ငါချွေးက မနံဘူး ။
မယုံရင် ရှုူကြည့်ပါလား "Jungkook သည်ချစ်သူလေးရဲ့စကားကြောင့်
ရယ်ချင်တာကိုထိန်းချုပ်လို့မရတော့ဘဲ အားရ
ပါးရရယ်လိုက်သည် ။ ဘယ်နှယ့် ... ချွေးနံ့နံတယ်
လို့ပြောလိုက်တာကို ချက်ချင်းမျက်နှာကြီးစူပုတ်
လာပြီး လူကိုမျက်စောင်းထိုး နှုတ်ခမ်းလေးကို
ထော်ပြီးပြောလာတဲ့ ချစ်သူလေးကို မနာအောင်
ဖြတ်ရိုက်ချင်စရာ ။ ဘာတဲ့ ... သူ့ချွေးနံ့ကိုလာ
ရှုုကြည့်ပါလားတဲ့ .. ဒီအူကြူးလေးကတော့
တော်တော်မလွယ်တာပဲ ... ။" ချွေးနံ့နံလည်း ချစ်ပါတယ်ဗျ ။ ကဲပါ ...
ရေအတူတူချိုးကြမယ်လေ "" ဘာလို့ရေအတူတူချိုးရမှာလဲ ။ မချိုးပါဘူး
မင်းကနှာဘူး .. ရေအတူတူချိုးပြီး မင်းက
ငါ့ရဲ့တင်ပါးကိုကြည့်မှာ ငါသိတယ် ။ ရေချိုး
ချင်ရင် ကိုယ့်ဘာသာကိုယ်သွားချိုး "" အယ် ... ငါ့ကိုနှာဘူးလို့ပြောလိုက်တာလား ။
လာခဲ့စမ်း ... ငါနှာဘူးလား ... မဘူးလား ဆိုတာ ရေချိုးခန်းထဲမှာပြမယ် "" အား ... မလုပ်နဲ့ ! "
Jungkook သည်ပြောရင်းနဲ့ Jimin ရဲ့သေးသွယ်
ပြီးပေါ့ပါးတဲ့ခန္ဓာကိုယ်လေးကို ဒူးအောက်ကနေ
ပွေ့ချီလိုက်သည် ။ ရုတ်တရက်ပွေ့ချီခံလိုက်ရ
သော Jimin သည်သူ့အသံပြဲကြီးနဲ့ အော်နေပြီး
Jungkook ကိုသူ့ရဲ့လက်ပိစိသေးသေးလေး
နဲ့ ထုရိုက်နေသည် ။
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete