Translation Company တွင် Jimiin သည်အလုပ်ကိစ္စတွေအကုန်ပြီးသွားလို့ လက်မှာပတ်ထားတဲ့နာရီလေးကိုကြည့်လိုက်သည် ။ အချိန်အားဖြင့်ည 6 : 30 ရှိနေပြီဖြစ်တာကြောင့် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည် ။
ထိုအချိန်တွင်ဖုန်းလာနေတာကြောင့် အလုပ်
စားပွဲခုံနားမှာတင်ထားတဲ့ဖုန်းကိုယူလိုက်တော့
TaeHyung ဖြစ်နေတာကြောင့်ဖုန်းကိုင်
လိုက်သည် ။" Hello , TaeHyung ... ပြောလေ
ဘာကိစ္စရှိလို့လဲ "" Hello ... မင်းအခုအလုပ်ကနေ အိမ်ပြန်
လာပြီလား "" အေး ... အခုလေးတင်အိမ်ပြန်လာတော့မလို့ "
" ဒါဆို ငါမင်းကိုအကူအညီတောင်းမယ်နော် ။
ငါ့ရဲ့ Mommy နေ့လယ်တုန်းကမီးဖိုချောင်
ခန်းထဲကို၀င်တုန်းက ရုတ်တရက်အားနည်းပြီး
သတိလစ်သွားတာ အခုဆေးရုံတင်ထားရ
တယ် ။ အခြေအနေတော့မစိုးရိမ်ရဘူး နှလုံး
အားနည်းတာလို့ ဆရာ၀န်ကပြောတယ် ။
ဒါပေမယ့်ဆရာ၀န်က ဆေးရုံမှာဆေးကုသ
ပေးစရာလေးတွေရှိနေလို့ ဆေးရုံမှာ
နှစ်ရက်လောက် နေရမယ် "" အယ် ... ဟုတ်လား ။ တော်သေးတာ
ပေါ့ .. ဒေါ်လေး Sona ကဘာမှကြီးကြီး
မားမားမဖြစ်လို့ "Jiimin သည်ကိုယ့်အမေအရင်းမဟုတ်ပေမယ့်
လည်း ရုတ်တရက်အကောင်းကြီးကနေ နှလုံးအားနည်းပြီးသတိလစ်သွားတဲ့ Sona ကဆေးရုံမှာနှစ်ရက်လောက်နေရမှာကြောင့်အတော်လေးကို စိတ်ပူသွားသည် ။" အဲ့ဒါ ငါ့ရဲ့အမေကိုဆေးရုံညစောင့်ပေးလို့
ရမလား ။ ငါညနေတုန်းက ဆေးရုံကိုလာ
ပြီးသွားပြီ ။ ဒီညတစ်ညတည်းပါကွာ ။
အားတော့နာပါတယ် ... ငါဒီညအရေး
ကြီးကိစ္စရှိနေလို့ "" အာ ... ရပါတယ် ။ ငါဒီညဆေးရုံစောင့်ပေး
မယ်နော် ။ ဘာမှအားမနာနဲ့ မင်းရဲ့ အမေက
ငါ့ရဲ့အမေပါပဲ ။ ဒါနဲ့ ဘယ်ဆေးရုံမှာလဲ ။
ငါအခုချက်ချင်းသွားလိုက်မယ် "" မင်းရဲ့ချစ်သူဆေးရုံပဲလေ ...
ဂျာဟန်ဆေးရုံ "" အေးပါ .. ဒါပဲနော် "
Jimin သည်ဖုန်းချလိုက်ပြီးနောက် အိမ်တောင်
မပြန်တော့ဘဲ ဒေါ်လေး Sona ဆေးကုသမူ
ခံယူနေတဲ့ဆေးရုံကို ကားမောင်းထွက်သွား
သည် ။ ဆေးရုံကလည်း သူ့ချစ်သူဒေါက်တာ
လေး တာ၀န်ကျနေတဲ့ဆေးရုံဖြစ်တာကြောင့်
နည်းနည်းတော့ပျော်မိသည် ။
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete