ဒီနေ့ Jungkook ဆေးတက္ကသိုလ်ပထမဦးဆုံး
စတတ်ရမယ့်နေ့လေးဆိုတော့အရမ်းရင်ခုန်
စိတ်လှုပ်ရှားနေသည် ။ အခုမှပထမနှစ်
စတတ်မယ့်ကျွန်တော်က ဆရာ၀န်မြန်မြန််ဖြစ်ချင်
နေတဲ့စိတ်ကတစ်ပိုင်းကိုသေနေတာပဲ ။ပထမနှစ်နှင့်ဒုတိယနှစ်များတွင်ကျောင်းသား
များသည် ခန္ဓာဗေဒ ၊ ဓာတုဇီ၀ဗေဒ ၊ အဏု
ဇီ၀ဗေဒ ၊ ရောဂါဗေဒနှင့်အခြားသင်တန်းများ
စသည့် အခြေခံသိပ္ပံဘာသာရပ်များကို
သင်ကြားရသည် ။ဆေးတက္ကသိုလ်တွင် Jeon Jungkook တို့များ
အေးဆေးတည်ငြိမ်ချက် ။ နွေရာသီ English Speaking သင်တန်းသုံးလတတ်တုန်းကလို
မျက်နှာပြောင်စပ်စပ်မလုပ်ဘဲမျက်နှာကို
ခပ်တည်တည်နေသည် ။သူ့ဘေးနားတွင်ထိုင်သောပထမနှစ်ကျောင်းသား
Kim Namjoon နဲ့လည်းသူငယ်ချင်းဖြစ်ခဲ့ကြ
သေးသည် ။ Namjoon ကအားနေ E ပဲမှုတ်နေ
တာပဲ ။ အယ် မှားလို့ English စာအရမ်းကျွမ်း
ပြီးစကားပြောရင်အမြဲတမ်းဗိုလ်လိုမူတ်တော့
ကျွန်တော်တစ်ခါတစ်လေအမြင်ကပ်မိတယ် ။အခုကျွန်တော်ကဆေးတက္ကသိုလ်တတ်နေရပြီ
ဆိုတော့အတန်းချိန်ပြီးရင်အိမ်လုံး၀မပြန်ရ
တော့ဘူး ။ ဆေးတက္ကသိုလ်နဲ့နီးတဲ့အဆောင်
မှာနေပြီး သူငယ်ချင်းအသစ်တွေနဲ့စာလုပ်
ရတယ် ။ ကျောင်းပိတ်ရက်အိမ်ပြန်ချင်ရင်
Daddy ၀ယ်ပေးထားတဲ့ဆိုင်ကယ်ကိုတစ်နာရီ
လောက်မောင်းပြီးအိမ်ပြန်လာလို့ရတယ် ။ ကျွန်တော်ကအခုမှပထမနှစ်ကျောင်းသားပဲရှိသေးတော့ဆရာ၀န်တော့မဖြစ်သေးဘူး ။ ဆေးပညာတွေကိုသင်ယူနေဆဲကျောင်းသားလေးပေါ့ ။အရင်ကလိုမျက်နှာမပြောင်ဘဲ စတိုင်ကျကျ
ခပ်တည်တည်နေတော့ တချို့သူတွေ
နည်းနည်းပါးပါးရှိန်မှာပေါ့ ။ ရုပ်ကလည်း
မင်းသားရှုံးလောက်အောင်ချောတော့ဆေးတက္က
သိုလ်ကကောင်မလေးတွေကလည်း ကျွန်တော့်
ကိုကြွေချင်နေကြပြီး အီစီကလီလာလုပ်ချင်နေ
ကြတယ် ။ ဒါပေမယ့်ကျွန်တော့်ရဲ့ ချစ်သူ Park Jimin ကလွဲပြီး ပေတံလိုပြားချပ်နေတဲ့သူတွေ
ကိုလုံး၀စိိတ်မ၀င်စားဘူး ။အတန်းချိန်ပြီးသွားတော့အဆောင်ကိုပြန်လာပြီး
ရေချိုး ၊ အ၀တ်အစားလဲ ၊ စာကျက်နေတာ အခုညတောင်ရောက်သွားပြီ ။ စာကျက်လိုက်တာနာရီအနည်းငယ်တော့ကြာသွားတယ် ။ စာမကျက်လို့လည်းမရဘူးလေ ။ စာမကျက်ရင် ငယ်ငယ်တုန်းကစာကျက်ခဲ့ပြီးကြိုးစားခဲ့သမျှအရာအာလုံးကသဲထဲရေသွန်ဖြစ်သွားမှာစိုးရိမ်တာကြောင့်ပါမောက္ခဆရာ၀န်သင်ကြားပို့ချပေးတဲ့စာတွေကိုသေချာကျက်မှတ်ပြီးကြိုးစားတယ် ။ အခုချိန်ဆိုကျွန်တော့်ချစ်သူမင်လေးလည်းစာကျက်နေမှာသေချာတယ် ။
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete