Part - 35 ( Final )

5.4K 311 41
                                    

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲအခမ်းအနား
တစ်ခုတွင် ဂုဏ်ကျက်သရေရှိလူကြီးမင်းဧည့်
သည်များနဲ့ စည်းကားနေသည် ။ လက်ထပ်ပွဲ
အခမ်းအနားကြီးသည် အရမ်းလှပပြည့်စုံလွန်း
သည် ။ တသက်မှာတစ်ခါတည်း လက်ထပ်ရတဲ့
ပွဲလေးကို ဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူး ။

မိတ်ကပ်ပြင်ခန်းထဲတွင် Jimin သည်
အဖြူရောင်သတို့သား၀တ်စုံလေးကို၀တ်ဆင်ထားပြီး မိတ်ကပ်လေးကို ပါးပါးလေးလိမ်းထားပြီး နှုတ်ခမ်းနီကိုလည်း အနည်းငယ်မျှသာဆိုးထားသည် ။ Jimin သည်အမှန်တိုင်းပြောရရင် မိနစ်ပိုင်းဘယ်လောက်မှမလိုတော့တဲ့ လက်ထပ်ပွဲကိုရင်ခုန်စိတ်လှုပ်ရှားနေသည် ။ အရမ်းလည်း ပျော်သည် ။

" သား Jimin , အကုန်လုံးပြင်ဆင်ပြီးပြီလား ?
ခမ်းမထဲမှာ သတို့သား Jungkook ကသားကို
စောင့်နေတယ် ။ ပွဲအခမ်းအနားက နောက်
၅ မိနစ်နေရင် စတော့မယ် "

" ဟုတ်ကဲ့ ... ဒါပေမယ့် Daddy သားအရမ်း
ရင်ခုန်စိတ်လှုပ်ရှားနေတယ် "

" Daddy သိတယ် ။ ဘယ်သူမဆိုကြင်သူနဲ့လက်
ထပ်မဲ့နေ့မှာ အရမ်းရင်ခုန်စိတ်လှုပ်ရှားရတယ် ။
ဘာမှမဖြစ်ဘူးနော် ။ လာ ... သွားကြအောင် "

" ဟုတ်ကဲ့ Daddy "

Jimin သည် Daddy SeokJin ရဲ့လက်ကိုကိုင်ပြီး
မင်္ဂလာခမ်းမထဲကိုဂုဏ်ယူ၀င့်ကြားစွာ တစ်လှမ်း
ချင်းစီလျှောက်လာခဲ့သည် ။ သတို့သား JEON Jungkook သည်ခမ်းမထဲကို၀င်လာတဲ့ အဖြူ
ရောင်နတ်သားလေးကိုကြည့်ပြီး မျက်နှာတွင်
အပြုံးပန်းများဝေဆာနေသည် ။ ဒီနေ့လေးဟာ
တသက်လုံးမေ့လို့မရတဲ့နေ့ကောင်းနေ့
မြတ်လေး ... ။

" မင်းဒီနေ့အရမ်းလှတယ် Park Jimin "

" မင်းလည်း ဒီနေ့အရမ်းချောပြီး ကြည့်
ကောင်းတယ် Jungkook "

" သတို့သား Jeon Jungkook သည်သတို့သား
Park Jimin အပေါ် ဘယ်လိုအခက်အခဲပဲရှိရှိ အေးအတူပူအမျှခံစားပြီး တသက်လုံးချစ်ခင်
ကြင်နာစွာ ပေါင်းသင်းနိုင်ပါသလား ? "

" Yes .. I do "

" သတို့သား Park Jimin သည်သတို့သား Jeon
Jungkook အပေါ် ဘယ်လိုအခက်အခဲပဲရှိရှိ
အေးတူပျှအမျှခံစားပြီး တသက်လုံးချစ်ခင်
ကြင်နာစွာ ပေါင်းသင်းနိုင်ပါသလား ? "

အဖြူရောင်နှလုံးသား Where stories live. Discover now