Part - 23

2.1K 186 35
                                    

Translation Company တစ်ခု၌ဇာတ်ကား
ပြန်ခြင်းငှာနတွင် Jimin သည်ဇာတ်ကားသစ်
ကိုကွန်ပျူတာနဲ့စာတန်းထိုးနေရာမှာ English
လိုဘာသာပြန်ဆိုပေးပြီးစာရိုက်နေသည် ။

လူကသာအလုပ်လုပ်ပေမယ့်စိတ်တွေက
လေလွင့်​နေသည် ။ ဒီနေ့သူငယ်ချင်းဖြစ်သူ
Yoongi ကလည်းအလုပ်တစ်ရက်ခွင့်ယူ
ထားပြီး မလာတာကြောင့် စကားပြောဖော်
မရှိဘူးဖြစ်နေတယ် ။ ချစ်သူလေးဆီကိုဖုန်း
ဆက်ချင်ပေမယ့်လည်း အရင်တစ်ခါကလို သူမအားလို့ဖုန်းမကိုင်ရင် ကိုယ်ကပဲအားယားနေလို့ ဖုန်းဆက်နေတယ်ဆိုပြီးအပြောခံရမှာကို မလိုလားပါ ။

ရန်တစ်ခါဖြစ်ပြီးတည်းက Jimin သည်
ချစ်သူလေးကိုနေ့လယ်စာစားချိန်ရောက်ရင်
ဖုန်းမဆက်ဖြစ်တော့ဘူး ။ ညဘက်အချိန်မှသာ
တစ်ကြိမ်တစ်ခါတည်းဖုန်းဆက်တော့သည် ။
ရန်ဖြစ်ပြီးတဲ့နေ့တည်းက စိတ်ကသိပ်မပျော်
ရွှင်တော့ဘူး ။

" တစ်နေကုန်အလုပ်ထဲကိုစိတ်နှစ်ပြီး အမှား
အယွင်းမရှိအောင်ဘာသာပြန်ပေးရမယ် "

Jimin သည်ကိုယ့်ဘာသာကိုယ်ပြောရင်း
ဘာသာပြန်ပေးလက်စ ဇာတ်ကားသစ်
ကိုသေချာအာရုံစိုက်ပြီအလုပ်ကိုစိတ်နှစ်
ထားလိုက်သည် ။

*************************************

ဂျာဟန်ဆေးရုံ၌ ဆေးရုံအုပ်မှုးကြီးရုံးခန်း
ထဲတွင် ဆရာ၀န်မလေးအသစ်ရောက်ရှိလာ
လို့ခွဲစိတ်ဆရာ၀န်အကုန်လုံးက ကြိုဆို
နှုတ်ဆက်နေကြသည် ။

" ငါတို့ဆေးရုံမှာခွဲစိတ်ဆရာ၀န်အင်အား
အရမ်းနည်းနေလို့ G . H Hospital က
ဆရာ၀န်မလေး Anna က ပြောင်းမိန့်ကျ
လာလို့ဂျာဟန်ဆေးရုံကိုပြောင်းလာတယ် ။
ဒါကြောင့် ခွဲစိတ်ဆရာ၀န်တွေအကုန်လုံး
အလုပ်ကိုသေချာလုပ်ကြပါ ။ တာ၀န်
ချိန်တွေကိုလည်းလုံး၀မပျက်ကွက်
ကြပါနဲ့ "

" ဟုတ်ကဲ့ .. ဆေးရုံအုပ်မူူးကြီး "

ခွဲစိတ်ဆရာ၀န်တွေအကုန်လုံး ဆေးရုံအုပ်မူူး
ကြီးအခန်းထဲထွက်လာပြီး Anna သည်
Jungkook နဲ့ Namjoon ကိုပြုံးပြလိုက်
သည် ။ သုံးယောက်လုံးသည်ဆေးတက္က
သိုလ်တတ်ခဲ့တုန်းကအခန်းတူပြီးခင်မင်
ခဲ့ကြတဲ့သူငယ်ချင်းတွေဖြစ်သည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now