နောက်လကျရင်တက္ကသိုလ်တွေလည်းဖွင့်လှစ်
တော့မှာမို့လို့ တက္ကသိုလ်တတ်ရောက်ကြမယ့်ကျောင်းသားကျောင်းသူတွေလည်းလိုအပ်တာတွေအကုန်ပြင်ဆင်နေရပြီ ... ။Jungkook သည်ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီ ။
ပန်းပင်လေးတွေသည်ရေမရှိရင်အချိန်
ကြာလာသည်နှင့်အမျှညိုးနွမ်းလာသလို
မအားလပ်ရတဲ့အချိန်တွေရှိလာလို့လူချင်း
မတွေ့နိုင်တာတွေရှိလာရင်ဘယ်လောက်ပဲ
သူငယ်ချင်းဖြစ်ပါစေ ဆက်ဆံရေးကသူစိမ်း
ဆန်သွားမှာကိုမလိုလားအပ်တာကြောင့်
သူချစ်မြတ်နိုးရတဲ့ Jimin လေးကို
ချစ်တယ် လို့ဖွင့်ပြောတော့မည်
ဟုအသေအချာဆုံးဖြတ်နိုင်ခဲ့သည် ။Jungkook သည်ဆရာဝန်မဖြစ်ခင်က
တည်းက Park Jimin ကကျွန်တော်ရဲ့
အပိုင်ဆိုတာတံဆိပ်ခတ်ချင်နေပြီ .. ။နေ့လယ်ခင်းတွင် ခြံထဲ၌ဒန်းပေါ်မှာစတိုင်ကျစွာခြေချိတ်ထိုင်နေပြီး စတော်ဘယ်ရီနှုတ်ခမ်းဖူးဖူးလေးကိုဆူထားပြီး ဓါတ်ပုံရိုက်ဖို့ Post အမျိုးမျိုးပေးနေပါသော Park Jimin သည်အရမ်းချစ်ဖို့
ကောင်းလှသည် ။TaeHyung သည် Camera အခြေခံပညာ
သင်တန်းကိုသုံးလတတ်ရောက်ထားပြီး
ဓါတ်ပုံရိုက်နည်းပညာတွေစည်းစနစ်ကျစွာ
သင်ယူထားတာကြောင့် ဘယ်နေရာမျိုးမှာ
မဆိုအကောင်းဆုံးလှလှပပဓါတ်ပုံရိုက်
တတ်သည် ။ကင်မရာကိုကိုင်ပြီး မတ်တပ်ရပ်ကာဓါတ်ပုံ
ရိုက်ပေးနေသော TaeHyung သည်အရမ်း
တည်ကြည်ပြီးရင့်ကျက်သောပုံစံဖြစ်သည် ။
ဘာအရောင်မှဆေးဆိုးထားခြင်းမရှိသော
ဆံပင်အနက်ရောင်သည်ကြည့်လို့ကောင်းသည်။ ဆံပင်အနက်ရောင်ကိုဆေးဆိုးထားခြင်းမရှိပေ
မယ့်ဆံပင်ညှပ်ဆိုင်မှာတော့ဆံပင်လေးကို
အနည်းငယ်ကောက်ထားသည် ။ဆံပင်အနက်
ရောင်အကောက်လေးကို Hair - Oil လိမ်း
ထားပြီးခေါင်းကိုသပ်ရပ်စွာဖြီးထားသည် ။Jimin နဲ့ TaeHyung သည်ညီအစ်ကိုအရင်း
မဟုတ်ပေမယ့် ညီအစ်ကိုအရင်းတွေလို
ချစ်ချစ်ခင်ခင်နေကြပြီးသံယောဇဉ်တွေ
လည်းရှိနေကြပြီ ... ။" Jimin မတ်တပ်ရပ်လိုက် ။ ပြီးရင်
လက်တစ်ဖက်ကခါးကိုထောက်ထား ။
မျက်နှာကခပ်တည်တည်နေပြီးကင်မရာကို
ကြည့်မယ် ။ မသိရင်မင်းက Model Boy
လေးပေါ့ "
YOU ARE READING
အဖြူရောင်နှလုံးသား
Fanfictionဖြူစင်တဲ့အချစ်လေးနဲ့ သက်ဆုံးတိုင် မင်းနဲ့အတူ ... 🤍 Complete