Part - 33

3.7K 287 66
                                    

ဂျပန်နိုင်ငံ၌ညစျေးပွဲတော်တွင်တစ်ယောက်
တည်းလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတဲ့ Park Jimin ... ။

ညစျေးပွဲတော်ကြီးကလည်း လူစည်းကားပြီး
ဂျပန်ရိုးရာ၀တ်စုံတွေနဲ့ ရိုးရိုးအစားအစာတွေ
လည်း အများကြီး ။ Park Jimin ကတော့ ကြိုက်တဲ့ ၀တ်စုံတွေ့လို့ကတော့ ၀ယ်ပစ်ဖို့ပိုက်ဆံကိုလုံး၀မနှမြောဘူး ။ ဂျပန်နိုင်ငံမှာရှိနေတဲ့သုံးလ
အတွင်း Jimin သည်လမ်းမှာတွေ့သမျှမုန့်တွေ
ကို သရေတမြားမြားနဲ့ အကုန်၀ယ်စားပစ်သည် ။
ချစ်သူဒေါက်တာလေးကိုမေ့ပစ်ပြီး အစားတွေ
အများကြီးစားတော့ လူကနည်းနည်းတော့
၀ချင်လာပြီရယ် ... ။

၀လာလည်း Park Jimin ကလုံး၀ဂရုမစိုက်ပါ ။
ဘာဖြစ်လဲ ... ၀လာလည်းအရင်တုန်း
ကလိုချစ်ပေးပြီးဂရုစိုက်ပေးတဲ့ ချစ်သူ
မှမရှိတော့တာ ။

Jimin သည်ဂျပန်ရိုးရာစတော်ဘယ်ရီကောက်ညင်းမုန့်ကိုမြင်တော့ မနေနိုင်မထိုင်စားချင်တဲ့စိတ်ကများလာသည် ။ ထို့နောက် ၀ယ်စားချင်တဲ့စိတ်ကိုမထိန်းနိုင်တော့ဘဲ ၀ယ်စားပစ်လိုက်သည် ။

ထို့နောက်ညစျေးပွဲတော်တွင် စိတ်တိုင်းကျ
လည်ပတ်ပြီးနောက် Hotel ကိုပြန်လာခဲ့သည် ။

*************************************

တစ်ဖက်တွင် Seoul မြို့လေး၌ဂျာဟန်ဆေးရုံ
တွင် Jungkook သည်အရဲစွန့်ပြီးဆေးရုံမှူးကြီးရဲ့ရုံခန်းထဲကိုသွားနေသည် ။ သူတကယ်မနေနိုင်တော့လို့ ဆေးရုံကနေအလုပ်ထွက်မယ်လို့ဆုံးဖြတ်လိုက်သည် ။

" ဆေးရုံအုပ်မှူးကြီး ... ကျွန်တော် ဒီဆေးရုံကနေ
အလုပ်ထွက်ဖို့ ထွက်စာလာတင်တာပါ "

" ဟမ်  ... ဘာဖြစ်လို့ အလုပ်ထွက်မှာလဲ
Dr . Jungkook "

ဆေးရုံအုပ်မှူးကြီး JiHyo သည်အခုလိုတော်တဲ့
ဆရာ၀န်ကဆေးရုံကနေ အလုပ်ထွက်ဖို့ထွက်
စာလာတင်တဲ့ Jungkook ကိုကြည့်ပြီးနည်းနည်း
တော့ အံ့သြသွားသည် ။

"  ဘာမှတော့မဖြစ်ပါဘူး ။ ဒီအတိုင်းအလုပ်
ကနေ အလုပ်ထွက်ချင်လို့ပါ "

" ဘာမှမဖြစ်ဘူးဆိုရင် အလုပ်ကနေမထွက်ပါနဲ့
နော် ။ ဒီဆေးရုံမှာကလည်း ခွဲစိတ်ဆရာ၀န် အင်
အားနည်းတယ်ဆိုတာ မင်းလည်းသိနေတာပဲ ။
အဆင်မပြေတာ ရှိရင်ပြောလို့ရတယ် "

အဖြူရောင်နှလုံးသား Where stories live. Discover now