Part - 9

2.9K 262 10
                                    

အချစ်ဆိုတာရိုးရှင်းပါတယ် ။ အဓိက
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိပြီး
အပြစ်မမြင်ရက်ဘဲ ချစ်နေရင်ရပါပြီ ။
ဒီနေ့ First Dateလို့သတ်မှတ်ထားတာကြောင့်
ဘယ်နေရာကိုသွားရမလဲတော့သေချာမသိ
သေးဘူး ။ သေချာတာတစ်ခုတော့ကျွန်တော်
အရမ်းရင်ခုန်နေတယ် ။

Jimin သည်အခန်းထဲတွင်ဗီဒိုထဲကအင်္ကျီတွေ
ကိုတစ်စုံချင်းစီထုတ်ပြီးဘယ်ဟာ၀တ်သွားရင်ကောင်းမလဲလို့ စဉ်းစားနေတာတစ်နာရီလောက်ရှိတော့မယ် ။ အိပ်ရာပေါ်တွင် သူဗီဒိုထဲကထုတ်ထားတဲ့အင်္ကျီတွေသည်လည်းရှုပ်ပွနေပြီ ။

" ဟုတ်ပြီ ... ငါဒီအင်္ကျီနဲ့ဘောင်းဘီပဲ
ဝတ်တော့မယ် "

စိတ်တိုင်းကျတဲ့အ၀တ်အစားတွေ့မှမျက်နှာက
ပြုံးရိပ်သန်းလာပြီး Shirt အင်္ကျီအဝါရောင်နဲ့
ဘောင်းဘီအတိုကိုဝတ်ဆင်လိုက်သည်။

Jimin သည်ဘောင်းဘီတိုဝတ်လျှင်
ခြေတံလှလှလေးကအလွန်ဆွဲဆောင်မူ
ရှိသည် ။

အကုန်ပြင်ဆင်ပြီးတာနဲ့အောက်ထပ်ကို
ဆင်းသွားတော့ဧည့်ခန်းထဲတွင်​ထိုင်ပြီး
စာအုပ်ဖတ်နေသော ဒေါ်လေး Sonaကို
တွေ့လိုက်ရသည် ။ ဒေါ်လေးကငယ်ငယ်
တုန်းကလို " မယားငယ်မ " သားလို့
မခေါ်တော့ဘဲ သူ့အပေါ်ကောင်းကောင်း
မွန်မွန်ဆက်ဆံတာကြောင့်ပျော်မိပါတယ် ။
Jimin သည် Sona ရဲ့စိတ်ခံစားချက်ကို
နားလည်ပေးသည် ။

" သားဘယ်သွားမလို့လဲ "

" သား Jungkook နဲ့အပြင်ခဏသွားမလို့
နောက် 4 ရက်လောက်နေရင်တက္ကသိုလ်
လည်းဖွင့်တော့မှာမို့စာရေးကိရိယာနဲ့
ပက်သက်တဲ့ပစ္စည်းတွေသွားဝယ်မလို့ပါ ဒေါ်လေး "

တစ်ခါမှမလိမ်ပြောဖူးပေမယ့် ဒီတစ်ခါတော့
လိမ်မိလိုက်သည် ။ သူနဲ့ Jungkook ချစ်သူ
ဖြစ်နေပြီဆိုတာဘယ်သူ့ကိုမှဖွင့်ပြောလို့
မရသေးပါ ။ ဘာဖြစ်လို့လဲဆိုတော့ Silent
တစ်နှစ်ပြည့်အောင်တွဲမယ်လို့နှစ်ယောက်
စလုံးသဘောတူထားတာကြောင့်ဖြစ်သည် ။
Jimin ဘက်ကနေအရင်စပြီး Silent တစ်နှစ်
တွဲမယ်လို့ပြောခဲ့တာကလည်းအကြောင်း
အရင်းရှိတယ် ။ တကယ်လို့ချစ်သူဖြစ်တာ
လူသိပြီးမှတစ်နှစ်တောင်မခံဘဲ သဘော
ထားချင်းမတိုက်ဆိုင်တာတို့ အကြောင်း
တစ်ခုခုတို့ကြောင့် ချစ်သူအဖြစ်ကနေ
ပြတ်စဲကြရင် ရှက်စရာကောင်းလို့ပဲ ။
Silent တစ်နှစ်တွဲကြည့်တာ
အကောင်းဆုံးပါပဲ ... ။

အဖြူရောင်နှလုံးသား Where stories live. Discover now