Part - 20

2.4K 198 24
                                    

အလုပ်ချိန်တစ်ချိန်ပြီးသွား၍ နေ့လယ်စာ
ထမင်းချိန်တွင် Jimin နဲ့ Yoongi တို့သည်
စားသောက်ဆိုင်တစ်ဆိုင်မှာ စားစရာအချို့
မှာပြီး အတူတူထိုင်စားနေကြသည် ။

" ပတ်ကြီး ... မင်းဘာထပ်မှာအုံးမလဲ ။
ငါသံပုရာဖျော်ရည်တစ်ခွက်ထပ်မှာ
မလို့ "

" ငါ့ကို ဇီးဖျော်ရည်တစ်ခွက်လောက်
မှာပေး ။ ဒီမှာ မုန့်ဖက်ထောင်းစားတာ
စပ်လွန်းလို့သေတော့မယ် "

" ဪ ... အင်း "

Yoongi သည်မုန့်ဖက်ထောင်းကို အားရ
ပါးတူနဲ့နယ်ပြီးစားနေတဲ့ Jimin ကိုမျက်
မှောင်ကျုံ့ပြီးကြည့်နေသည် ။ ဒီလောက်
အရမ်းစပ်တဲ့ မုန့်ဖက်ထောင်းကိုပါးစပ်က
တရှုးရှုးတရှဲရှဲနဲ့ တစ်ပန်းကန်လုံးကုန်အောင်
စားနိုင်တာ အံ့သြပါ့ ။

" စားလို့ကောင်းလိုက်တာ ... မုန့်ဖက်ထောင်း
က ချဥ်ငံစပ်လည်းမဟုတ်ဘူး ။ ချဥ်ပြီးအရမ်း
စပ်တယ် ။ သခွားသီးထည့်ပေးလို့တော်သေး
တာပေါ့ ... နည်းနည်းအစပ်ပြေသွားတယ် "

" မင်းတော်တော်အစပ်စားတာပဲ ။
ဗိုက်အောင့်လိမ့်မယ်နော် ။ အစပ်
လျှော့စားပါဟ "

" အမယ် ... သူအစပ်မစားနိုင်တိုင်း သူများ
အစပ်စားတာကိုကြည့်ပြီး ငါ့ကိုပွစိပွစိ
လာပြောနေတယ် "

" မင်းကအစပ်အရမ်းစားတော့ မင်းရဲ့
မျက်နှာမှာ ၀က်ခြံပေါက်နေပြီသိလား "

Jimin သည်သူ့ရဲ့ဖြူဖွေးနေတဲ့မျက်နှာလှလှ
ပေါ်မှာနေရာယူထားတဲ့ ၀က်ခြံကိုလက်နဲ့အသာ
လေးထိတွေ့ကြည့်လိုက်သည် ။ပါးပြင်နား
ပေါက်နေတဲ့ ၀က်ခြံကမမှည့်သေးလို့ ညစ်လို့
မရသေးဘူးဖြစ်နေတယ် ။ အရွယ်ရောက်ပြီး
သားယောက်ကျားလေးတစ်ယောက်ပဲ ၀က်
ခြံပေါက်တာထူးဆန်းလား ။ ဒါပေမယ့်လည်း
အစပ်များများစားရင် ၀က်ခြံပိုပေါက်တယ်
ဆိုတာ တကယ်ပါပဲ ။ အစပ်စားလို့ လူကို
ပွစိပွစိလာပြောနေတဲ့ Yoongi ကိုတစ်ချက်
လောက်နှိမ်ပြောပေးလိုက်ဦးမယ် ။

" ငါ့ပါးပြင်နားမှာနေရာယူထားတဲ့ ၀က်ခြံကို
မှည့်ရင် ညှစ်ပေးမယ့်ချစ်သူရှိတယ် ။ မင်းမှာ
၀က်ခြံပေါက်ရင် ညှစ်ပေးမယ့် ချစ်သူရှိလား "

အဖြူရောင်နှလုံးသား Where stories live. Discover now