Part - 13

2.4K 230 14
                                    


ဆေးတက္ကသိုလ်က ပါမောက္ခဒေါက်တာကြီး
သည် ဂျာဟန်ဆေရုံသို့ နိုင်ငံခြားဆေးဝါး
အသစ်တွေထည့်ထားတဲ့ဘူးတွေကို
Jungkook ကိုသွားပေးခိုင်းစေသည် ။

Jungkook သည်ဂျာဟန်ဆေးရုံနဲ့ နီးစပ်ပြီး
Doctor Mr . Jeon ရဲ့သားဖြစ်တာတာ
ကြောင့် စိတ်ချယုံကြည်လို့ ဆေးရုံမှာ
အသုံးလိုတဲ့နိုင်ငံခြားကရောက်ရှိလာတဲ့
ဆေးဝါးတွေကို ပို့ခိုင်းလိုက်ခြင်းဖြစ်သည် ။

ဂျာဟန်ဆေးရုံထဲသို့ဆေးအိတ်ကိုင်လာပြီး
စတိုင်ကျကျဝင်လာတဲ့ Jungkookကို
ကောင်တာမှာရှိတဲ့ သူနာပြုမလေးတွေ
ကငေးကြည့်နေကြသည် ။ ဆေးကျောင်း
သားယူနီဖောင်း၀တ်စုံ၀တ်ဆင်ထားကြောင့်
ကြည့်ကောင်းတယ်ဆိုတာ၀န်ခံရမယ် ။

Jungkook သည်နှလုံးအထူးကု Doctor .
Mr Jeon ရဲ့သားဆိုတာဆေးရုံမှာရှိတဲ့
ဆရာဝန်တွေ ၊ သူနာပြုမလေးတွေ
အကုန်သိရှိပြီးသား ။

" ကျွန်တော့်ကို Daddy ရဲ့နားနေဆောင်အခန်း
ကဘယ်နားမှာလဲဆိုတာပြောပြပါလား ။ ကျွန်တော်ကပါမောက္ခကြီးပို့ပေးခိုင်းလိုက်
တဲ့ နိုင်ငံခြားကရောက်ရှိလာတဲ့ ဆေးတွေ
ကိုလာပို့တာပါ "

Jungkook သည်ကောင်တာရှိလူနာ
မှတ်တမ်းယူပေးတဲ့ သူနာပြုမလေးကို
ပြုံးပြပြီးမေးလိုက်သည် ။ ငယ်ငယ်တုန်းက
ဆေးရုံကိုရောက်ဖူးပေမယ့်လည်း တိုးချဲ့
အဆောင်တွေရှိလာတာကြောင့် Daddy
ရဲ့နားနေခန်းအဆောင်ကိုမမှတ်မိတော့
ဘူးလေ ။

" 53 ထပ်မြောက်ပါ "

" ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် "

Jungkook လမ်းညွန်ရာအတိုင်းဓါတ်လှေ
ကားစီးလာပြီး 53 ထပ်ကိုရောက်လာခဲ့သည် ။
Daddy သည်နားနေခန်းအဆောင်မှာမရှိ
ပြန်ဘူး ။ လမ်းအနည်းငယ်ဆက်လျှောက်
လိုက်ပြီးဆေးကုသမူခံယူနေတဲ့ အခန်း
တစ်ခုမှာလူနာရဲ့ သွေးခုန်နူန်းစမ်းသပ်
ပေးနေတာကို အခန်းတံခါးမှန်ကြည့်
ကနေတစ်ဆင့်မြင်လိုက်ရသည် ။

" Daddy ကဆရာဝန်ဝတ်စုံနဲ့ အရမ်းကြည့်
ကောင်းပြီး ခန့်ညားတာပဲ "

Mr . Jeon လူနာရဲ့ကျန်းမာရေးကိုစစ်ဆေးပြီး သောက်ရမယ့်ဆေးတွေကိုပေးခဲ့ပြီးနောက်အခန်း
ထဲကပြန်ထွက်လာတော့သူ့ရဲ့သားကိုတွေ့လိုက်
ရတာကြောင့် ပြုံးပြလိုက်သည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now