Part - 14

2.3K 208 27
                                    

လေးနှစ်ခန့်ကြာပြီးနောက် ... ။

သစ်ရွက်တွေကြွေ ၊ နှင်းတွေကျ ၊ မိုးတွေရွာသွန်း
ခဲ့တဲ့နှစ်တွေကိုကျော်ဖြတ်လာခဲ့သည်မှာ လေးနှစ်
ရှိသွားခဲ့ပြီ ။ တစ်နှစ်တာရဲ့ကုန်ဆုံးမှုနောက်မှာ
အတော်လေးကိုပင်ပန်းခဲ့သလို စိတ်ချမ်းမြှေ့
စရာလည်းကောင်းခဲ့ပါတယ် ။ ငယ်ငယ်
တုန်းကဖြစ်ချင်ခဲ့သည့် ရည်မှန်းချက်အိမ်မက်
တွေသည် အကောင်အထည်ဖော်လာပြီလေ ။

Jungkook သည်ဂျာဟန်ဆေးရုံတွင်ခွဲစိတ်
ဆရာ၀န်ဖြစ်လာခဲ့ပြီ ။ ခမ်းနားလှတဲ့ဘွဲ့နှင်း
သဘင်ခန်းမထဲတွင် ဘွဲ့ယူခဲ့စဥ်ကသစ္စာဆို
ခဲ့သည့် အတိုင်းလူနာတွေကိုစေတနာ ၊
မေတ္တာထားပြီးဆေးကုသပေးတယ် ။

( ဆရာ၀န်တစ်ဦးဖြစ်သော ကျွန်ုပ်သည်
ဝေဒနာရှင်လူသားအား စိတ်ရောကိုယ်ပါ
ယုယုရရပြုစုကုသပါမည် ။ ကိုယ်ချင်းစာ
တရားလက်ကိုင်ထားလျက် ပြုစုကုသပါ
မည် ။ လူသူချင်းညှာတာထောက်ထား
သောအသိဖြင့် ပြုစုကုသပါမည် )  ...

ဟု ဤကျမ်းစာသုံးချက်ကိုဘွဲ့ယူခဲ့တုန်း
ကစင်မြင့်ထက်မှာ Jungkook သည်သစ္စာ
ဆိုခဲ့သည် ။ ဆရာ၀န်ဖြစ်သွားတော့လည်း တည်ငြိမ်ရင့်ကျက်သွားသည် ။ အသက်
ထက်ချစ်ရတဲ့ Jimin လေးနဲ့လည်း အချစ်
တွေခိုင်မြဲလွန်းလို့ လက်တွဲလာတာ 6 နှစ်
ရှိသွားခဲဲ့ပြီ .... ။

ဂျာဟန်ဆေးရုံ၏ VIP လူနာဆောင်တစ်ခုတွင်
ကလေးတစ်ယောက်သည် အစာအိမ်ရောဂါ
ဖြစ်ပြီးမခံမရပ်နိုင်ဖြစ်လာလို့ဆေးရုံရောက်လာပြီးဆေးကုသမူခံယူနေသည် ။ ကလေးကုသတဲ့
ဆရာ၀န်မဟုတ်ပေမယ့်လည်း ဆရာ၀န်ဆိုတော့
ဘယ်လိုလူနာပဲ လာလာကုသနိုင်ရမယ်လေ  ။

ကလေးမလေးသည် အခုမှအသက် 7 နှစ်
လောက်ပဲရှိဦးမယ်ထင်တယ် ။

" မီးမီးလေး ... အခုအားဆေးတစ်လုံး
ထိုးရမယ် ။ အရမ်းမနာဘူးနော် "

" အဟင့် ... သမီးဆေးထိုးရမှာကြောက်တယ် ။
ဆေးထိုးအပ်ကြီးက အကြီးကြီးပဲ "

" မီးမီးလေးရယ် ... အားဆေးထိုးလိုက်ရင်
မကြာခင်နေမကောင်းဖြစ်တာ သက်သာသွား
မှာ ။ နေကောင်းသွားရင် ဆေးရုံကနေဆင်း
ရမယ်လေ ။ လိမ္မာတယ် ဆေးထိုးမယ်နော် "

အဖြူရောင်နှလုံးသား Where stories live. Discover now