Episode 4 (U+Z)

16K 1.3K 42
                                    

အပိုင်း ၄

သူ့ကို မိုးသောက်ကြယ်က နားမလည်နိုင်သလို ​ကြောင်ပြီး ကြည့်နေလေသည် ။

" တာတာ... ဘာတွေ အော်နေတာလဲ... "

" အာ... ဘာ... ဘာမှ မဟုတ်ဘူး... နေ့လည်က ဖတ်ထားတဲ့ ဝတ္ထု တစ်ပုဒ်ကို စဥ်းစားပြီး ဒေါသထွက်သွားလို့... "

မိုးသောက်ကြယ်က သူ့ကို ကြည့်ပြီး ခေါင်းကုတ်နေလေသည် ။

ခဏနေတော့ မိုးသောက်ကြယ် ကားရပ်ထားသည့် နေရာသို့ ရောက်လာလေသည် ။

' အာ... ကားကြီးက မိုက်လိုက်တာ... '

သူ့ မှတ်ဉာဏ်အရဆိုလျှင် ထိုကားက နေတာရာ့ မွေးနေ့အတွက် မိုးသောက်ကြယ်က ဝယ်ပေးထားခြင်း ဖြစ်ပြီး နေတာရာက ကားမောင်းလိုင်စင် မရသေးသောကြောင့်သာ မမောင်းသေးခြင်း ဖြစ်လေသည် ။

" နောက်တစ်ပတ်ဆို ကားမောင်းလိုင်စင်ရတော့မှာ ... ကိုယ် မင်းကို ဒီရက်ပိုင်းထဲမှာ ကားမောင်း သေချာသင်ပေးပါဦးမယ်... "

ဝတ္ထုထဲက နေတာရာက ဆင်းရဲပြီး တောကလာသူမို့ ကားသေချာ မမောင်းတတ်သော်လည်း ခန့်လင်းအောင် ဆိုသော သူကမူ အရင်ဘဝက ကိုယ့်ကားကိုယ်မောင်း၍ ကျောင်းတက်ခဲ့သူမို့ ကားမောင်းသည်မှာ သူ့အတွက် အေးအေးဆေးဆေးပင် ။

" ရပါတယ် ... ကျွန်တော် မောင်းတတ်ပါတယ်... "

အာ... ။ သူ နမော်နမဲ့နိုင်စွာ ပါးစပ်က လွှတ်ကနဲ ထွက်သွားခြင်း ဖြစ်သည် ။

" မဖြစ်ပါဘူး... မနေ့ကတောင် ကိုယ်နဲ့အတူ ကားမောင်းကျင့်ရင်း သစ်ပင်ကို ဝင်တိုက်မိမလို ဖြစ်သွားတာလေ  ... "

အာ... ။ ဝတ္ထုထဲက ဇာတ်ကောင်က ငါ့ကို တော်တော်လေး သောက်ရှက်ခွဲတာပဲ... ။

ကားထဲရောက်တော့ မိုးသောက်ကြယ်က သူ့ကို ခုံတွင် ထိုင်ခိုင်းပြီး ဂရုတစိုက် ထိုင်ခုံခါးပတ် ပတ်ပေးလေသည် ။

ဒီဘဲက ဂရုစိုက်တာတော့ သောက်ရမ်း ဂရုစိုက်တတ်သားပဲဟု သူ တွေးမိလိုက်သည်။

" တာတာ... အဆင်ပြေတာ သေချာရဲ့လား... ကိုယ်တို့ ဆေးရုံသွားကြမလား... "

" ဟမ်  ... ကျွန်တော်က ဘာဖြစ်နေလို့လဲ... "

" ဟာ... ခုနကပဲ သေကြောင်းကြံစည်ခဲ့တာလေ ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now