Episode 36 (U+Z)

9.5K 926 218
                                    

အပိုင်း ၃၆

သူ အနောက်ကို လှည့်ကြည့်ပြီး ကိုဇဏ် ဟု တိုးတိုးလေး ခေါ်မိလိုက်သည် ။

" နေနေ... အဆင်ပြေရဲ့လား... "

သူ ခေါင်းကိုသာ အလျင်အမြန် ညိတ်ပြလိုက်မိသည် ။

" ပြေပါတယ် ကိုဇဏ်... "

ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိသော ဇဏ်မင်းမောင် ကို မိုးသောက်ကြယ် ကော ညည့်ခေတ်ယံကပါ အံ့သြစွာ ကြည့်မိကြသည် ။

" ဒီ တဘက်က မင်းတဘက်လား... "

ဇဏ်မင်းမောင်က ညည့်ခေတ်ယံကို သူ့လက်ထဲက တဘက်ကို ညွှန်ပြရင်း အေးစက်စက်နှင့် မေးလိုက်သည် ။
ညည့်ခေတ်ယံက တုန်လှုပ်စွာ ခေါင်းညိတ်လာသည် ။

" နေနေ... ကိုယ့်ကို အဲ့တဘက်ပေး... "

သူ ကြောင်အပြီး တဘက်ကို ဇဏ်မင်းမောင် လက်ထဲသို့ ကမ်းပေးလိုက်သည် ။
ဇဏ်မင်းမောင်က တဘက်ကို ကြမ်းပေါ် ပစ်ချလိုက်ကြီး သူ့ ရှူးဖိနပ်ဖြင့် တက်ဖိကာ နင်းချေပစ်လိုက်သည် ။

" နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်မယ်ဆို အဲ့တဘက် နေရာမှာ မင်းမျက်နှာ ဖြစ်နေလိမ့်မယ်လို့ ငါ အာမခံတယ် ညည့်ခေတ်ယံ... နားလည်လား... "

ညည့်ခေတ်ယံက တုန်လှုပ်သွားသလို ပုံဖြင့် မိုးသောက်ကြယ်၏ အနောက်သို့ကပ်ကာ ရပ်ရင်း ဇဏ်မင်းမောင်ကို မဝံမရဲ ကြည့်လာလေသည် ။

မိုးသောက်ကြယ်၏ မျက်နှာက မည်းကနဲ ဖြစ်သွားပြီး ဇဏ်မင်းမောင်ကို ခက်ထန်စွာ မေးလာသည် ။

" မင်းက ငါ့အိမ်ထဲကို ဘယ်လို သောက်ကြောင်းနဲ့ ရောက်လာရတာလဲ... "

ဇဏ်မင်းမောင်က တဘက်ပေါ်ကို တက်နင်းထားဆဲ ဖြစ်ကာ မထီတရီ မျက်နှာပေးဖြင့် ပြန်ဖြေလာသည် ။

" မင်းအမေရဲ့ ဖိတ်ခေါ်မှုကြောင့် လာခဲ့တာ... မင်းတို့ Star Trading နဲ့ ငါတို့ Royal Jade တို့ ပူးပေါင်းမှုအတွက် မင်းအမေနဲ့ ဆွေးနွေးဖို့ လာခဲ့တာ... မင်းအမေက ဆွေးနွေးထားတဲ့အချက်အလက်တွေကို မင်းနဲ့ပါ ညှိနှိုင်းဖို့ ပြောလို့ မင်းရှိတယ်ဆိုတဲ့ အပေါ်ထပ်ကို ငါတက်လာခဲ့တာ... ငါ ဘယ်ထင်ထားမလဲ  ... မင်းတို့က ဒီမှာ နေနေ့ကို အနိုင်ကျင့်နေကြမယ် ဆိုတာ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now