Extra Side Story Final Episode 🛑⛔📛

13.3K 558 103
                                    

အချပ်ပို အပိုင်း ၂၀
ဇာတ်သိမ်းပိုင်း

Eric နောက်ဆုံးတော့ မိRum နှင့် ကိုRicky တို့ကို နှုတ်ဆက်ရမည့်အချိန်ကို ရောက်လာခဲ့လေပြီ ။
သူ ဤရွာတွင် ရှိခဲ့သော အချိန်လေးအတွင်းတွင် ထိုမောင်နှမက သူ့ကို တကယ့်ကို ဂရုစိုက်ပေးခဲ့ကြသည် ။
ထို မောင်နှမကြောင့်ပင် သူ ဦးဇဏ်ကြောင့် ခံစားရသော ခံစားချက်များ လျော့နည်းခဲ့ရပြီး ပျော်ရွှင်ခဲ့ရသည် ။

သူ ကိုRicky အပေါ်တွင်တော့ တကယ် အားနာစိတ်ပါ ဝင်မိသည် ။
ကိုRicky အပေါ်ကို သူ မချစ်နိုင်ဘူးဟု ငြင်းခဲ့သည့်အပြင် ကိုRicky သူ့ကို ချစ်ရေးဆိုလာသည့် နေ့တွင်ပင် သူက ဦးဇဏ်ကို ပြန်လက်ခံလိုက်မိသည် ။

" Eric... ငါကတော့ နင့်ကို လွမ်းနေရတော့မှာပဲ... "

မိRum က သူ့ကို မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနှင့် ပြောလာသည် ။
ထို့နောက်တွင် ကားထဲသို့ ပစ္စည်းများ ပျော်ရွှင်စွာ ထည့်ပြီး Eric ကို မြို့ပေါ် ပြန်ခေါ်သွားဖို့ လုပ်နေသော ဦးဇဏ်ကိုလည်း မိRum က နှမျောတသစွာ ကြည့်နေလိုက်သေးသည် ။

" ဦးဇဏ်ကြီးကိုတော့ ပိုလွမ်းနေရတော့မှာ ... ငါ့မှာ နင်နဲ့ အစ်ကိုနဲ့ ဝိုင်းဆဲတာကိုပါ ခံပြီး သူ့အပေါ် ကောင်းခဲ့တာပါဟာ... "

မိRum ကို ကြည့်ပြီး သူ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ ။
ဒင်းက သူငယ်ချင်းကို လွမ်းတာထက် သူငယ်ချင်း၏ လင်ကို လွမ်းနေတာက ပိုနေပုံရလေသည် ။

" မိRum... နင် ငါနဲ့ သေခန်းပြတ်ပဲ သူငယ်ချင်း ဖြစ်ချင်နေတာလား... "

" အမလေး... နင့်ဦးဇဏ်ကိုလည်း ငါ မလုပါဘူးတော်... လုလည်း ရမှာကျလို့... ငါ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကို မထင်တဲ့လူကို... "

" ဟုတ်တယ်... ဦးဇဏ်က လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အဆုံးအထိ အတတ်နိုင်ဆုံး ချစ်သွားတတ်တဲ့သူမျိုး... "

သူ ဂုဏ်ယူစွာ ပြောလိုက်မိသည် ။
ဦးဇဏ် ဦးနေအပေါ် ချစ်ခဲ့သော ပုံကို ကြည့်ခြင်းအားဖြင့် ဦးဇဏ်၏ စိတ်ကို သူ ခန့်မှန်းနိုင်ခဲ့သည် ။
ထို့ကြောင့်လည်း ထိုစကားကို သူ ခိုင်မာစွာ ပြောနိုင်ခြင်း ဖြစ်လေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now