Episode 27 (U+Z)

8K 747 43
                                    

အပိုင်း ၂၇

ယခုတော့ ဒုတိယအကြိမ် ဇဏ်မင်းမောင် နှင့် သူ တွေ့ဆုံခဲ့သည့် အကြောင်းကို ရှင်းပြစရာပင် မလိုတော့ ။
ကောင်းလိုက်တာ... အေးရောပဲ ။
အပိုဆောင်း အနေနှင့် အင်္ကျီ ကြယ်သီးပြုတ်ရသည့် ကိစ္စပါ သိသွားရသေးသည် ။

" ဘေးနားမှာ မိုးသောက်ကြယ် ရှိနေတာလား... "

ဇဏ်မင်းမောင် ဘက်က မေးလာသော စကားဖြစ်သည် ။
မိုးသောက်ကြယ်က ဖုန်းကို ယူပြီး စတင် အော်ဟစ်ပြောဆိုလာတော့သည် ။

" အေး... ဟုတ်တယ်... ငါ မိုးသောက်ကြယ်... နေတာရာရဲ့ ယောကျ်ားပဲ... ငါ့အိမ်ထောင်ဘက်ကို ငါ့နောက်ကွယ်မှာ ခဏခဏ ခိုးတွေ့နေတဲ့ ကြာကူလီကောင်ရဲ့... "

" ဦးမိုးသောက်ကြယ်... စိတ်အေးအေးထားပါဦး... "

ဇဏ်မင်းမောင် က ရှင်းပြဖို့ ကြိုးစားနေလေသည် ။

" မင်းသာ ငါ့နေရာမှာ ဆိုရင်ကော စိတ်အေးအေး ထားနိုင်ပါ့မလား... "

" ကျွန်တော်တို့က ရိုးရိုးသားသား ဆုံခဲ့တာပါ  ... "

" ခင်ဗျားပြောသလို ရိုးရိုးသားသားပဲ ဆိုရင် သူ့အင်္ကျီက ကြယ်သီးက ဘာလို့ ပြုတ်သွားရတာလဲ... ​​ဖြေလေ... "

" အဲ့... အဲ့တာက... ကျွန်တော်လည်း မမှတ်မိတော့ဘူး... "

တကယ်လည်း ထိုနေ့က ဇဏ်မင်းမောင် က အဖျားအရှိန်နှင့် ကယောင်ကတမ်း ဖြစ်နေသောကြောင့် မမှတ်မိတော့ပေ ။
သို့သော် ထိုအဖြေက မိုးသောက်ကြယ် ၏ ဒေါသကို အဆုံးစွန်ထိ ဆွလိုက်သလို ဖြစ်သွားလေသည် ။

" ချီးကို မမှတ်မိတာလား... ဦးဇဏ်မင်းမောင်... ခင်ဗျားတို့ Royal Jade နဲ့ ပူးပေါင်းသမျှ ကိစ္စ အားလုံးကို ကျုပ်တို့ Star Trading ဘက်ကနေ ဖျက်သိမ်းတယ်... ခင်ဗျားလို စာရိတ္တ မကောင်းတဲ့ သူနဲ့ အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်တော့ဘူး... "

" ခဏ... ခဏလေးပါ ဦးမိုးသောက်ကြယ်... "

ဇဏ်မင်းမောင်၏ အသံက တွန့်ဆုတ်စွာ ဖုန်းထဲက ထွက်လာသည် ။
မိုးသောက်ကြယ် စိတ်မရှည်ချင်တော့ ။

" ပြော... ခင်ဗျား ဘာပြောဦးမလို့လဲ... "

" ခင်ဗျား ကျွန်တော့်ကို မယုံရင်တောင် နေတာရာ့ကိုတော့ ယုံကြည်ပေးလိုက်ပါ... သူက ခင်ဗျား အနားမှာ နေချင်လို့ တခြား အခွင့် အရေးတွေကိုပါ လက်လွှတ်ခဲ့တဲ့သူပါ... အဲ့ဒါ​ကြောင့် ကျေးဇူးပြုပြီး သူ့အပေါ်တော့ ကောင်းပေးပါ... "

I accidentally became a Villain Prince (Completed) حيث تعيش القصص. اكتشف الآن