အချပ်ပို အပိုင်း ၅
နောက်တစ်နေ့ မနက်ရောက်တော့ ဦးဇဏ်က မနေ့ညက ဘာမှ မဖြစ်ခဲ့သူ တစ်ယောက်လို နိုးထလာလေသည် ။
Eric မှာတော့ အကုန် သတိရနေသောကြောင့် ဦးဇဏ်နှင့် မျက်နှာချင်းဆိုင်ဖို့အတွက် မျက်နှာပူနေရလေသည် ။" ညက ငါ အများကြီး သောက်လိုက်မိတာပဲ Eric ရ... ဟဲဟဲ... ခုထိ ခေါင်းကိုက်နေတုန်းပဲ... "
ဦးဇဏ်က ဘာမှ မဖြစ်ထားသူလို ရယ်ရယ်မောမော ပြောလာလေသည် ။
" ဦးဇဏ်အတွက် အမူးပြေ စွပ်ပြုတ် စားပွဲပေါ် တင်ထားတယ်... မအေးသွားခင် သောက်လိုက်ဦး... "
ဦးဇဏ်က အမူးပြေစွပ်ပြုတ်သောက်ရင်း သူ့ကို ပြောလာလေသည် ။
" ငါက မူးလာရင် အရမ်း အေးဆေးတည်ငြိမ်သွားတတ်တာကွ... Eric ရ... ညက ငါ မူးသွားတာနဲ့ အိပ်ပျော်သွားတာပဲ မဟုတ်လား... "
အော်... အေးဆေးတည်ငြိမ်တာတဲ့လား... သူများ နားကြား လွဲနေသလား ။
မနေ့ညက ဘားမှာ ကွေးနေအောင် ကပြီး ဘားထဲက လူတွေကို အော်ဟစ် စိန်ခေါ်ခဲ့တာ သူ မဟုတ်တဲ့အတိုင်းပါပဲလား ။" အော် .... အင်း... ဟုတ်တာပေါ့... တစ်ခါထဲ ငြိမ်ငြိမ်လေး အိပ်ပျော်သွားတာလေ... "
သူ ရွဲ့ပြောလိုက်သည်ကို ဦးဇဏ်က တကယ်ထင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေလိုက်သေးသည် ။
ရုံးကို သွားသည့် လမ်းတွင်တော့ ဦးဇဏ်က အေးဆေးတည်ငြိမ်နေပြန်လေသည် ။
သို့သော်လည်း ဦးဇဏ်၏ မျက်ဝန်းများကို ကြည့်ခြင်းအားဖြင့် မနေ့ညက ညစာစားပွဲက ကိစ္စအတွက် အသည်းကွဲနေတုန်း ဖြစ်ကြောင်း သူ ရိပ်မိပါသည် ။ရုံးရောက်တော့ အစည်းအဝေးအချိန်တွင် ဦးဇဏ်၏ ဖုန်းကို သူ ကိုင်ထားပေးရသည် ။
အစည်းအဝေး တစ်ဝက်တစ်ပျက်၌ပင် ဖုန်းတစ်ကောလ် ဝင်လာသောကြောင့် သူ ကောက်ကိုင်လိုက်ရသည် ။" ဟဲလို... "
" အာ... ဒါ ဦးဇဏ်မင်းမောင် ဖုန်း မဟုတ်ဘူးလားဗျ ... "
တစ်ဖက်က အသံကို သူ ကြားဖူးသလိုလို ရှိသော်လည်း သေချာအောင် ပြန်မေးလိုက်သည် ။
DU LIEST GERADE
I accidentally became a Villain Prince (Completed)
Übernatürlichesအလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုးစိုးပက်စက် ဆဲခဲ့သည့် ဗီလိန်မြေခွေးကောင်အဖြစ် ထိုဝတ္ထုထဲသို့ ရောက်သွားသောအခါ... Total 59 Chapters + Extra 20 Chapters အလြန္အဆဲသန္ၿပီး wattpa...