Episode 21 (U+Z)

8.6K 845 55
                                    

အပိုင်း ၂၁

" ဒါက ကျွန်တော့် ချစ်သူ ကျွန်တော့် ကို ပေးခဲ့တဲ့ ဆွဲကြိုးလေးပါ သခင်လေး... "

ညည့်ခေတ်ယံက ခေါင်းကိုငုံ့လျက် မဝံ့မရဲ ပြန်ဖြေလေသည် ။

သူ့စိတ်ထဲမှာ ငါက ဒီဆွဲကြိုးအကြောင်း မသိဘူးများ မှတ်နေသလား ။
ငါက နေတာရာ မဟုတ်ဘူး... ။ ခန့်လင်းအောင် ပါဟ ။
ဒီဝတ္ထု တစ်ပုဒ်လုံးကို ဖတ်ထားတဲ့သူပါ ။
ဒီဆွဲကြိုးက မင်းကို မိုးသောက်ကြယ် ချစ်သက်လက်ဆောင် ပေးထားတဲ့ ဆွဲကြိုးဆိုတာ ငါ မသိဘဲ နေပါ့မလား ။

သို့သော်လည်း သူ ဘာမှ မပြောဘဲ မသိချင်ယောင် ဆောင်လိုက်သည် ။
ညည့်ခေတ်ယံ ဘက်က တွေးမည် ဆိုလျှင်လည်း ဒါက ကျိန်းသေပေါက် လုပ်သင့်သော အရာပင် မဟုတ်လား ။

" ကဲ... ကဲ... ကားပေါ်တက်... "

သူ စကားကို ဖြတ်ပြီး ညည့်ခေတ်ယံကို ကားပေါ်တက်ခိုင်းလိုက်သည် ။
ထိုသူက ရိုကျိုးစွာပင် ကားပေါ် တက်လာလေသည် ။

လမ်းတစ်လျှောက်လုံး မိုးသောက်ကြယ် တစ်ယောက် တိတ်ဆိတ်ကာ တစ်စုံတစ်ခုကို အသည်းအသန် စဥ်းစားနေသလိုပင် ။
မိုးသောက်ကြယ်၏ အပြုအမူကို ကြည့်ပြီး သူပင် လန့်လာသည် ။

အခုက သူ ကားမောင်း ကျွမ်းကျင်နေသည်ကို မိုးသောက်ကြယ်ကိုယ်တိုင် လက်ခံပေးလာသောကြောင့် သူ ကိုယ်တိုင် ကားမောင်းခွင့်ရလာသည် ။
အခုလည်း မိုးသောက်ကြယ် သူ့အတွက် ဝယ်ပေးထားသည့် ကားအကောင်းစားအသစ်ကြီးကို မောင်းနေချိန်ဖြစ်သည် ။

ကျေးဇူးပြုပြီး သတိရမယ်ဆိုရင်တောင် တခြားအချိန်မှာပဲ သတိရစမ်းပါ ။
အခုလို ကားမောင်းနေတဲ့အချိန်မှာတော့ သတိမရပါနဲ့လား ။
ငါ စိတ်မဖြောင့် လက်မဖြောင့် ဖြစ်ရအောင် ။

ကားပေါ်မှ ဆင်းတော့ မိုးသောက်ကြယ်က သူ့အနားကပ်ပြီး တိုးတိုးလေး ပြောလာသည် ။

" တာတာ... အဲ့ဆွဲကြိုးလေးကို ကိုယ် ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ.... အဲ့တာက ကိုယ့်မှာ ရှိခဲ့ဖူးသလိုမျိုး ခံစားရတယ်... မဟုတ်မှလွဲရော... "

မိုးသောက်ကြယ်က ကားပေါ်က ဆင်းသွားပြီး ခပ်လှမ်းလှမ်းတွင် သူတို့နှစ်ယောက်ကို စောင့်နေသော ညည့်ခေတ်ယံကို သေသေချာချာ စိုက်ကြည့်နေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now