Unicode
အပိုင်း ၂
' ငါ.... စာရေးဆရာကို သွားပြီး ချောင်းရိုက်ချင်တယ်... '
ခန့်လင်းအောင် ဝတ္ထု၏ အပိုင်း ၉ အရောက်တွင် ထိုစာသားကို ရေရွတ်လိုက်ခြင်း ဖြစ်သည် ။
" သောက်ချီးကို အဓိပ္ပါယ် မဲ့လိုက်တာ ... ငလူး... "
တကယ်လည်း သူ သွေးတက်မည်ဆိုက တက်ချင်စရာပေ ။
နောက်တစ်ပိုင်းတွင် ခေါင်းနှင့် ကတ္တရာလမ်း ဆောင့်မိသော မိုးသောက်ကြယ်က အတိတ်မေ့သွားလေတော့သည် ။
အစထဲက အကြံသမား လူယုတ်မာ ဗီလိန်ကောင် နေတာရာက သူ့အကွက်ထဲဝင်သွားသည့်အတွက် လူယုတ်မာသံကြီးနှင့် ရယ်လိုက်ပြီး ကျိတ်ဝမ်းသာနေလေသည် ။
" သောက်ကောင်... ငါ မင်းကို ဝတ္ထုထဲအထိ ဝင်ပြီး လည်ပင်းညှစ်သတ်ချင်တယ်... "
နေတာရာဆိုသည့် ငလူးကောင်က မိုးသောက်ကြယ်၏ ဖုန်းကို ဖွက်ထားလိုက်သည် ။
ထိုဖုန်းထဲမှ အချက်အလက်များကို အသုံးချပြီး သူ့ကိုယ်သူ ညည့်ခေတ်ယံ နေရာ အစားဝင်ရန် ကြံဆောင်ရမည်ဖြစ်သည် ။မိုးသောက်ကြယ်က သတိရလာသည်နှင့် သူ့ကို ဘယ်သူများလဲ ဟုမေးလေသည် ။
ထို့အပြင် သူ ဘာကိုမှ စဥ်းစား၍ မရကြောင်း မမှတ်မိကြောင်း ပြောလာသည် ။ထိုအချိန်အထိ နေတာရာက လိမ်လည်ပြောဖို့ စိတ်ကူး မရှိသေး ။
သို့သော် ခဏ အကြာတွင် ဆေးရုံထဲသို့ လင်မယား နှစ်ယောက် ဝင်လာလေသည် ။
ယင်းမှာ မိုးသောက်ကြယ်၏ မိခင်နှင့် ဖခင်တို့ ဖြစ်သည် ။တစ်ကိုယ်လုံး အကောင်းစားတွေဖြင့် ထုံလွှမ်းထားသော ထိုလင်မယားကို နေတာရာ အထင်ကြီးစွာဖြင့် ကြည့်နေမိသည် ။
လူချမ်းသာ အနံ့မျိုးပင် ထွက်နေသလားဟု သူ ထင်မိသည် ။ဘေးတွင် ပါလာသော သက်တော်စောင့် နှစ်ယောက်ကပင် ထည်ဝါခမ်းနားနေသည် ။
အား... ။ မိုးသောက်ကြယ်တို့ အသိုင်းအဝိုင်းက အမှန်ပင် သောက်ရမ်း ချမ်းသာပေလိမ့်မည်ဟု နေတာရာ သိသွားလေသည် ။" မင်းက ဘယ်သူလဲ... "
မိုးသောက်ကြယ် အမေ၏ အေးစက်စက် မေးသံ ။
VOCÊ ESTÁ LENDO
I accidentally became a Villain Prince (Completed)
Paranormalအလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုးစိုးပက်စက် ဆဲခဲ့သည့် ဗီလိန်မြေခွေးကောင်အဖြစ် ထိုဝတ္ထုထဲသို့ ရောက်သွားသောအခါ... Total 59 Chapters + Extra 20 Chapters အလြန္အဆဲသန္ၿပီး wattpa...