Episode 54 (U+Z)

7.4K 594 136
                                    

အပိုင်း ၅၄

သူ အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့အား ဖမ်းချုပ်ထားပြီး ဖြစ်နေပြီး သူ့အရှေ့တွင် မင်းလွင်နှင့် အတူ သေနတ်ကိုင်ထားသော လူကြီးတစ်ယောက်က ရပ်နေလေသည် ။
ထိုလူကြီးက သူ့ကို မကျေမချမ်း အမူအရာဖြင့် ကြည့်လာပြီး ပြောလာလေသည် ။

" မင်းက ဇဏ်မင်းမောင် ဆိုတဲ့ ခွေးကောင်ရဲ့ တိတ်တိတ်ပုန်းရည်းစား မဟုတ်လား... "

သူ့ကိုကော ကိုဇဏ့်ကိုပါ မုန်းတီးစွာ တိုက်ခိုက်လာသည်မို့ သူ ဘာမှ ပြန်မဖြေဘဲ ငြိမ်နေလိုက်သည် ။
ထိုလူကြီးက သူ့ပါးကို ဖြောင်းကနဲ တစ်ချက် ချလာလေသည် ။

" ငါ မေးနေရင် ဖြေလေ... မင်း ပါးစပ်က အ နေတာလား... "

သူ ထိုလူကြီးကို မကျေမချမ်း ပြန်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည် ။

" ခင်ဗျားက ဘယ်သူမို့လို့ ကျွန်တော့်ကို စစ်လားမေးလား လုပ်နေရတာတုန်း... "

" ငါ ဘယ်သူလဲ... ဟုတ်လား.... ဟားဟားဟားဟား... "

သူ့မေးခွန်းတွင် ရယ်စရာ မပါဘဲ ရယ်နေသော ထိုလူကြီးကို ကြည့်ပြီး ကျပ်ကော ပြည့်ရဲ့လားဟု သူ တွေးလိုက်မိသည် ။
နာမည်မေးတာကို တဟာဟားနဲ့ ရယ်နေရအောင် ဧကန္တ အဲ့လူကြီးက သူ့နာမည်သူ မမှတ်မိလို့များ ပြန်စဥ်းစားနေတာများလား ။

" ငါက ဗိုလ်လက်ယာပဲကွ... "

သြော်... သူ ထင်ထားသည့် အတိုင်းပါပဲလား ။
ဒီလို အိမ်ထဲအထိ ဝင်စီးရဲသည် ဆိုမှတော့ ဗိုလ်လက်ယာတို့ အုပ်စုပဲ နေမှာပေါ့ဟု သူ တွက်ထားပြီးသား ဖြစ်သည် ။
လူမှားပြီး ကျိန်ဆဲမိမှာ စိုးသောကြောင့်သာ နာမည်ကို သေချာအောင် မေးလိုက်ရခြင်းဖြစ်သည် ။

အခုတော့ သူ ကျိန်ဆဲပြီလေ ။
ဗိုလ်လက်ယာ မြေနိုးကောင်ကြီး ။ ခွေးဒေါင်းဇားကြီး ။ ကိုယ်မြေကိုယ်ခိုး ကောင်ကြီး ။
ပါးစပ်ကတော့ မကျိန်ဆဲရဲ... ခုနကလို တစ်ချက် ထပ်အရိုက်ခံရမည် စိုးသောကြောင့် စိတ်ထဲကသာ ကျိန်ဆဲလိုက်ရခြင်း ဖြစ်သည် ။

" ခုနက မေးနေတာ ဖြေလေ... မင်းက ဟိုခွေးကောင်ရဲ့ တိတ်တိတ်ပုန်းမယားငယ် မဟုတ်လား... "

I accidentally became a Villain Prince (Completed) Where stories live. Discover now