Episode 44 (U+Z)

10.6K 903 183
                                    

အပိုင်း ၄၄

မိုးသောက်ကြယ် နေတာရာ၏ တောင်းဆိုချက်ကြောင့် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိရလောက်အောင် shock ရိုက်သွားခဲ့ရသည် ။
သူ့စိတ်ထဲတွင် ဒီလူသားကို အမြဲတမ်း သူ့အပိုင် ဟုသာ မှတ်ယူခဲ့သည် ။
အတိတ်က ညည့်ခေတ်ယံကို ပြန်မှတ်မိပြီး နေတာရာ သူ့ကို လိမ်ခဲ့သည်ကို သိချိန်တွင်တောင်မှ သူ နေတာရာ့ကို စွန့်လွှတ်ဖို့ အနည်းငယ် မျှပင် စိတ်မကူးခဲ့ဖူးပေ ။

နေတာရာ ပြောနေကျ ကွာရှင်းပေးဖို့ ဆိုသော စကားများသည်လည်း သူနှင့် ညည့်ခေတ်ယံကို သဝန်တိုပြီး သူ့ဆီမှ စိတ်ဝင်စားမှုရရန် ပြောခဲ့သည်ဟုသာ သူ ထင်ခဲ့မိသည် ။
သူ လုံးဝ မတွေးထားခဲ့ဖူးသည်က နေတာရာက သူ့ကို ကွာရှင်းဖို့ အတွက် အလေးအနက် တောင်းဆိုလာခဲ့ပြီး ထိုအတွက်လည်း အဆင်သင့် ဖြစ်နေခဲ့သည်ကိုပင် ။

" တာတာ.... ကိုယ် တောင်းပန်ပါတယ်... ကိုယ် မှားခဲ့တာတွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါ... ကိုယ် တာတာ့ကို မခွဲနိုင်ဘူး... "

နေတာရာက သူ့ကို စိတ်ပျက်သလို ကြည့်လာပြီး အေးစက်စက် ပြန်ပြောလာသည် ။

" ကျွန်တော် တောင်းဆိုချင်တာကတော့ အဲ့ဒါပါပဲ... ကိုမိုးသောက်ကြယ် အနေနဲ့ ပေးခဲ့တဲ့ ကိုယ့်ကတိကို ကိုယ် တည်ဖို့အတွက် မျှော်လင့်ပါတယ်... "

" ဒါပေမယ့်... ဒါပေမယ့်... "

မိုးသောက်ကြယ် ပြောစရာစကားများ ပျောက်ရှသွားပုံပေါ်ပြီး သူ့လက်တို့ကို လာရောက် ဆုပ်ကိုင်လိုက်သည်ကို ခန့်လင်းအောင် ခံစားလိုက်ရသည် ။
သူ မိုးသောက်ကြယ် ၏ လက်ကို စပ်ဆုတ်စွာဖြင့် ပြန်လည် တွန်းထုတ်လိုက်မိသည် ။

" ကျွန်တော့်ကို မထိပါနဲ့... "

" ဒါပေမယ့် ကိုယ် တာတာ့ကို မစွန့်လွှတ်နိုင်ဘူး... "

မိုးသောက်ကြယ် က ပြောပြောဆိုဆိုနှင့် သူ့လက်ကို ဆုပ်ကိုင်လာပြန်သည် ။
သူ ဒဏ်ရာက သက်သာပြီးတာ မကြာသေးသောကြောင့် ခွန်အားက မမျှဘဲ မရုန်းနိုင် ဖြစ်နေလေသည် ။
မိုးသောက်ကြယ် က သူ့ကို ရုတ်တရက် လွတ်ထွက်သွားမည်ကိုစိုးရိမ်သည့်အလား တင်းကျပ်စွာ ဖက်လာလေသည် ။

I accidentally became a Villain Prince (Completed) Donde viven las historias. Descúbrelo ahora