Episode 42 (U+Z)

10.3K 922 265
                                    

အပိုင်း ၄၂

သူ့ မျက်လုံးကို ပြန်ဖွင့်ပေးပြီးချိန်တွင် သူရောက်နေသည့် နေရာမှာ အလုပ်ရုံဟောင်း တစ်ခုဖြစ်ကြောင်း သိလိုက်ရသည် ။
ထိုနေရာက ညည့်ခေတ်ယံ သူ့ကို ခုနက ပို့ခဲ့သည့် လိပ်စာနှင့် နည်းနည်းလေးတောင် တူညီမနေပေ ။

ဒါမှပဲ အေးရော... ပွဲပြတ်ရောပဲ ။
သူ ဘယ်မှာ ရှိနေမှန်းလည်း ဘယ်သူမှ သိမှာ မဟုတ်တော့ ။
သူ ရှိန်းဝေယံ ကိုပင် ညည့်ခေတ်ယံ ပို့ပေးသော လိပ်စာ အတုကြီး ပြောပြထားခဲ့မိသည် ။
အဲ့တော့လည်း ကယ်မယ့်သူ ပေါ်လာတာကို စောင့်နေစရာ မလိုတော့ဘဲ နောက်ဆံတင်းစရာ မလိုတော့ဘူးပေါ့ ။
သူ အကောင်းဘက်ကသာ လှည့်တွေးဖို့ တတ်နိုင်တော့သည် ။

သူ့ကို မျက်စိအုပ်ထားသည့်အဝတ် ဖြည်ပေးပြီးသည်နှင့် ကြိုးကို လက်နောက်ပြန်တုပ်ထားပြီး ဂိုထောင်ဟောင်း တစ်ခုဆီသို့ လျှောက်ခိုင်းလေသည် ။
သူ့မှာ ကြိုးက တုပ်ထားခံရသောကြောင့် လျှောက်ရတာ တုံ့နှေးတုံ့နှေး ဖြစ်နေလေသည် ။

" နှေးတုံ့နှေးတုံ့နဲ့ ဘယ်လိုလျှောက်နေတာလဲ... မြန်မြန်လျှောက်စမ်း... "

ကြိုး နောက်ပြန် တုပ်ထားပြီး မြန်မြန်လျှောက်လို့မ​ရဘူးလေ ။
မယုံရင် ကိုယ့်ဘာသာ တုပ်ပြီး လျှောက်ကြည့်ပါလား ။
သူ စိတ်ထဲကသာ ပြန်ပြောနိုင်သည် ။
တကယ်ကြီး သွားပြောလျှင် လက်ပြန်တွေ အကျွေးခံရမှာ စိုးသောကြောင့် ဖြစ်သည် ။

" အဲ့ ဂိုထောင်ထဲကိုဝင်... "

ယခုမှတော့ သူ့ဘဝက ထိုအကောင်တွေ ထားရာနေ စေရာသွား ဘဝပင် ဖြစ်နေလေပြီမို့ သူတို့ ပြောသည့်အတိုင်း အထဲသာ ဝင်လိုက်ရသည် ။
တံခါးဖွင့်ပြီး သူ အထဲသို့ ရောက်သွားသည်နှင့် အထဲက ထွက်ဖို့ ကြိုးစားနေသော မိုးသောက်ကြယ်နှင့်တိုက်မိပြီး နှစ်ယောက်လုံး ကြမ်းပေါ် မှောက်ကျသွားလေသည် ။

" မင်းတို့ ဘယ်သူတွေလဲ... ငါက ဘယ်သူမှန်း မင်းတို့ မသိဘူးလား... ငါ့ကို အခုချက်ချင်းလွှတ်... "

မိုးသောက်ကြယ် ၏ အော်ဟစ်သံကို သူ ကြားလိုက်ရသည် ။
နှစ်ယောက်လုံး ကြိုးစားပြီး ပြန်ထလိုက်ကြသည် ။
မိုးသောက်ကြယ်က မီးရောင်မှိန်မှိန်အောက်တွင် သူ့မျက်နှာကို မြင်သွားလေတော့သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now