Episode 1 (U+Z)

54.1K 1.9K 289
                                    

Unicode

အပိုင်း ၁

" မင်း အန်တီ့သား အနားကနေ ထွက်သွားပေးဖို့ ငါ မင်းကို ပိုက်ဆံ ဘယ်လောက် ပေးရမလဲ... ပြော ... "

" သိန်းငါးရာ... "

" ဟမ်... "

သူ ခေါင်းကုတ်လိုက်သည် ။
အား.... ။ ကြည့်ရတာ သူတောင်းတာ များသွားပြီ ထင်တယ် ။

" များလို့လား အန်တီ... ဒါဆို သိန်း လေးရာ ... မဟုတ်သေးဘူး ... သိန်း သုံးရာ လောက်ဆိုရင်ကော... "

" အမ်... မဟုတ်သေးပါဘူး... "

ရှုံ့တွနေသော အန်တီကြီး မျက်နှာကို ကြည့်ပြီး သူ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည် ။

" အဲ့တာမှ များတယ် ဆိုလည်း သိန်းနှစ်ရာလောက်ဆိုရင်ကော... အာ... နေပါစေတော့... သိန်းတစ်ရာလည်း ရတယ်... "

" နေစမ်းပါဦး... မင်း အခုပြောနေတာ... "

" အဲ့တာမှ များသေးရင်လည်း သိန်း ငါးဆယ်လောက်ဆို ရပါပြီ .... အာ ရှုပ်ပါတယ်... မပေးပါနဲ့တော့အန်တီရယ်... ကျွန်တော့်ကို အလုပ်လေး ရှာပေးပြီး နေစရာ စားစရာ ရှိရင် တော်ပါပြီ ... စားပွဲထိုးပဲ လုပ်ရလုပ်ရ အဆင်ပြေပါတယ်... "

" နေစမ်းပါဦး... နေတာရာ... မင်း အန်တီ့ကို ရွဲ့နေတာလား... "

" မရွဲ့ပါဘူး အန်တီရယ်... ငလူးတဲ့မှ... ဒီ သောက်အန်တီကြီးကတော့  ... "

" ဟယ်... အရိုင်းအစိုင်းကောင်လေး... မိုက်ရိုင်းလိုက်တာ... ငါ့ကို ရွဲ့ရုံနဲ့ အားမရလို့ ဆဲပါ ဆဲတယ်ပေါ့လေ... "

အာ... ။ သူ ငိုချင်လာပြီဖြစ်သည် ။
ဒီလို ဖြစ်မည့်အစား သေသွားလိုက်တာမှ ကောင်းဦးမည် ။

ဤ အဖြစ်အပျက်များ မည်သို့ စဖြစ်ခဲ့ရသည် ဆိုသည်ကို သူ အနည်းငယ် ရှင်းပြချင်ပါသည် ။

နေတာရာ ဆိုတာ သူ့နာမည် မဟုတ်ပါ ။

သူ့နာမည်က ခန့်လင်းအောင်... ။
တက္ကသိုလ် တတိယနှစ် တက်နေသည့် ဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်သော အသက် ၂၀ အရွယ် သာမန်ကောင်လေးဖြစ်သည် ။

သူအကြိုက်ဆုံးက BL ဝတ္ထုတွေ ဖြစ်သည် ။

BL ဝတ္ထုဖတ်လျှင်လည်း ဗီလိန်ကို ပိုးဆိုးပက်စက် ဆဲရသော ဝတ္ထုကိုမှ ကြိုက်တတ်ပြီး ဝတ္ထုဖတ်ရင်း မဟားတရား ဆဲတတ်သူ ဖြစ်သည် ။

I accidentally became a Villain Prince (Completed) Dove le storie prendono vita. Scoprilo ora