Episode 43 (U+Z)

10.4K 951 122
                                    

အပိုင်း ၄၃

ဇဏ်မင်းမောင် နေတာရာရှိရာသို့ အပြေး လာခဲ့ပြီး ဘေးတွင် နေတာရာ့ကို ဖက်ကာ ငိုယိုနေသော မိုးသောက်ကြယ်ကို တွန်းထုတ်လိုက်လေသည် ။
ဇဏ်မင်းမောင်က အားသုံးကာ အရှိန်နှင့် တွန်းထုတ်လိုက်သောကြောင့် မိုးသောက်ကြယ် တစ်ယောက် မြေပေါ် လဲကျသွားလေတော့သည် ။

" မင်း နေနေ့ အသားကို မထိနဲ့... မင်းနဲ့ နေနေနဲ့ တန်လို့လား... "

အရင်ကလို အနေအထားမျိုးနှင့်သာ ဆိုလျှင် မိုးသောက်ကြယ် တစ်ယောက် ဇဏ်မင်းမောင်ကို ရန်ပြန်တွေ့ကာ အော်ဟစ်ပြောဆိုလိုက်မိမည် ဖြစ်သော်လည်း အခုအချိန်တွင်တော့ သူ ဘာမှ ပြန်မပြောဘဲ ငြိမ်သက်စွာသာ နေနေလိုက်သည် ။

" မင်းနဲ့ငါ နောက်မှ စာရင်းရှင်းမယ် မိုးသောက်ကြယ်... "

ဇဏ်မင်းမောင်က ပြောပြီးသည်နှင့် နေတာရာ့ကို သူ့လက်ပေါ်သို့ ပွေ့လိုက်ပြီး ချီမလိုက်လေသည် ။
ရဲတစ်ယောက်က နဘေးသို့ ရောက်လာပြီး ဇဏ်မင်းမောင်ကို လာမေးလာသည် ။

" အမှုအခင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ မေးစရာလေးရှိ... "

ထိုရဲပင် စကားမဆုံးလိုက်သေး ဇဏ်မင်းမောင်က ဒေါသတကြီး ပြန်တုံ့ပြန်လာသည် ။

" ဒီမှာ လူတစ်ယောက်လုံး သွေးထွက်လွန်ပြီး သတိလစ်နေတာတောင် မင်းတို့က ဘာတွေ မေးနေဦးမှာလဲ... "

ရဲအုပ်က အနားရောက်လာကာ ထိုရဲအနားသို့ တိုးကပ်၍ တစ်စုံတစ်ခု ပြောလိုက်သည်နှင့် ထို ရဲတပ်သားလေးက ပြာပြာသလဲလဲဖြစ်သွားပြီး ဘာမှ ဆက်မမေးတော့ဘဲ နောက်ဆုတ်သွားလေသည် ။

ဇဏ်မင်းမောင်က ဆေးရုံကားကိုပင် မစောင့်တော့ဘဲ နေတာရာ့ကို ပွေ့ချီပြီး သူ့ကားဆီသို့ ခေါ်ဆောင်သွားလေသည် ။
Eric က ကားမောင်းသူနေရာ ဝင်လိုက်ပြီး ကားကို အရှိန်နှင့် အမြန်ဆုံးသွားကာ အနီးဆုံးရှိ ဆေးရုံသို့ မောင်းလေတော့သည် ။
ရဲအုပ်ကို ဇဏ်မင်းမောင်က သွားမည့် ဆေးရုံကို ပြောထားသောကြောင့် ခဏအကြာတွင် စုံစမ်း မေးမြန်းဖို့ ရောက်လာကြမည် ဖြစ်သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now