အချပ်ပို အပိုင်း ၁၃
ဤ တစ်ပတ်ကျော်အတွင်း Eric နှင့် Ricky တို့ ပိုမို၍ ရင်းနှီးလာကြပြီ ဖြစ်သည် ။
Rum ကိုယ်တိုင်ကပင် သူ့အစ်ကိုကို Eric နှင့် ဆိုလျှင် သဘောတူသည်ချည်း လုပ်နေတော့သည် ။" သူငယ်ချင်း ယောင်းမလေး ... "
" ဘာသူငယ်ချင်းယောင်းမလည်း... ပေါက်ကရ ခေါ်မနေနဲ့... "
နေ့လည်နေ့ခင်း Eric နှင့် Rum တို့ အိမ်တွင် စကားပြောရင်း လက်ဖက်သုပ် စားကြရင်းမှ Rum က သူ့ကို ခေါ်လာခြင်း ဖြစ်သည် ။
သူ တားလိုက်သော်လည်း Rum က သူ့ကို ရယ်ကျဲကျဲ ကြည့်နေဆဲ ဖြစ်သည် ။" ငါ ပေါက်ကရ မခေါ်ရပေါင်... နင်နဲ့ ငါ့အစ်ကိုနဲ့က တစ်ပတ်ကျော်လောက်နဲ့ အရမ်းတွေ ရင်းနှီးနေတာလေ... "
" အဲ့တာကတော့ ကိုRicky က ငါ့ကို အဖော်လုပ်ပေးတာကိုး... "
" ဒါနဲ့ နင် ငါ့အစ်ကိုကို မကြိုက်ဘူးလား... "
Rum က တည့်တိုးကြီး မေးလာသောကြောင့် Eric ဘာပြန်ဖြေရမှန်း မသိ ဖြစ်သွားရသည် ။
သူ ကိုRicky အပေါ်တွင် ထားသောစိတ်ကို သူကိုယ်တိုင်လည်း မသဲကွဲပေ ။
လေးလေးနက်နက် မရှိသော်လည်း စိတ်ထဲ လုံးဝ မရှိခြင်းတော့လည်း မဟုတ်ပြန်ပေ ။" ငါ... ငါ သေချာ မသိဘူး Rum... "
" နင်ကလည်း ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးပေါ့ဟဲ့... ဘာကို သေချာမသိတာလဲ... "
သူ ကိုယ်တိုင်လည်း သေသေချာချာ မပြောတတ်တော့ပေ ။
ဖြစ်နိုင်သည်ကတော့ သူ ရည်းစားထားရမှာကို ကြောက်သွားခြင်း ဖြစ်ပေလိမ့်မည် ။
ဦးဇဏ်ပေးခဲ့သော ဒဏ်ရာကြောင့် သူ လူတစ်ယောက်ကို အလေးအနက် ခံစားချက် ထားဖို့ တွန့်ဆုတ်နေခဲ့သည် ။" ကြည့်ရတာ ငါ အဆင်သင့် မဖြစ်သေးဘူးနဲ့ တူပါတယ် Rum ရာ... "
" Eric... ညီ အဆင်သင့် မဖြစ်သေးဘူးလား... "
အနောက်က မေးလိုက် သော အသံကြောင့် Eric လန့်ပြီး လှည့်ကြည့်လိုက်မိသည် ။
အနောက်တွင် ရပ်နေသော ကိုRicky က သူ့ကို ဆိုင်ကယ်သော့ ကိုင်ရင်း မေးလာသည် ။" ဗျာ ကိုကြီးRicky... "
" ရေတံခွန် သွားကြမယ် ပြောထားတာလေ... အခုထိ အဆင်သင့် မဖြစ်သေးဘူးလား... "
VOUS LISEZ
I accidentally became a Villain Prince (Completed)
Fantastiqueအလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုးစိုးပက်စက် ဆဲခဲ့သည့် ဗီလိန်မြေခွေးကောင်အဖြစ် ထိုဝတ္ထုထဲသို့ ရောက်သွားသောအခါ... Total 59 Chapters + Extra 20 Chapters အလြန္အဆဲသန္ၿပီး wattpa...