Episode 51 (U+Z)

7.7K 647 159
                                    

အပိုင်း ၅၁

သူ အိမ်ပြန်သည့် လမ်းတစ်လျှောက် စကားတစ်ခွန်းမှ မပြောဖြစ်ဘဲ တိတ်ဆိတ်နေခဲ့သည် ။
အနောက်ခန်းတွင် လှဲအိပ်ပြီး လိုက်လာသော Eric ကတော့ သူ၏ မဟာ စွန့်စားခန်းများကို ကိုဇဏ့်ကို အာပေါင်အာရင်းသန်သန် ပြောပြနေလေသည် ။
ကိုဇဏ်က ကားမောင်းရင်း နားထောင်ရင်းနှင့် နားငြီးပြီး ခေါင်းတွေ မူးလာပုံရသည် ။

" Eric... ဒါနဲ့ မင်း ငါ့ကို ဟိုရက်ကတည်းက စကားမပြောဘူး မဟုတ်လား... "

Eric က ကိုဇဏ် သတိပေးလိုက်မှ ကိုဇဏ်နှင့် သူ့ပြဿနာကို ပြန်သတိရသွားပုံပေါ်ပြီး ချက်ချင်း တိတ်သွားလေသည် ။

" အာ... ဟုတ်တယ်... ဦးဇဏ်နဲ့ စကားမပြောဘူး... မေ့သွားတာ မေ့သွားတာ... "

ပြောပြီးသည်နှင့် Eric က သူ့ပါးစပ်ကိုသူ တိတ်နှင့်ကပ်သည့်ပုံ လုပ်ပြပြီး စကားလုံးဝ မပြောတော့ပေ ။
ကိုဇဏ်က ကားနောက်ကြည့်မှန်မှ Eric ကို လှမ်းကြည့်ရင်း တဟားဟား ရယ်နေလေသည် ။

" မဟုတ်ပါဘူး... မင်းရဲ့ စကားများတဲ့ပုံကို မတွေ့ရတာ သုံးလေးရက်လောက် ရှိသွားတော့ ငါလည်း ပျင်းနေတာ... အခုမှပဲ အပျင်းပြေသွားတော့တယ်လို့ ပြောမလို့ပါ.... "

" ဘာမှ လာရောမနေနဲ့... စကားမပြောဘူးဆို မပြောတော့ပါဘူးနော်... "

" တကယ်စကားမပြောဘူးလား.... "

" မပြောဘူး... "

" တကယ်မပြောတော့ဘူးပေါ့နော်... "

" မပြောတော့ဘူးလို့ဆိုနေ ... "

ကိုဇဏ်က ကားမောင်းရင်း ရယ်နေလေတော့သည် ။

" မင်း စကားမပြောတော့ဘူးလို့ ပြောပြီးချိန်ကနေ ခုထိ ပြောနေတာ သုံးခွန်းရှိသွားပြီ... "

" စကားမပြောဘူးဘဲ ပြောတာလေ... မေးရင်တော့ ပြန်ဖြေရမှာပေါ့... ထမင်းကျွေးထားတဲ့ အလုပ်ရှင်ပဲကိုး... "

" ဟဟ ... ပြန်ဖြေပေးလို့ ကျေးဇူးတင်လိုက်တာဗျာ... "

ကိုဇဏ်က ကားအနောက်ကြည့်မှန်မှ Eric ကို ကြည့်ရင်း ဆက်ရယ်နေလေသည် ။

" အခု အ​နောက်ကို ထပ်မကြည့်နဲ့တော့... ကျွန်တော် ရုပ်ဆိုးနေတယ် ... "

I accidentally became a Villain Prince (Completed) Donde viven las historias. Descúbrelo ahora