Episode 52 (U+Z)

7.2K 629 143
                                    

အပိုင်း ၅၂

သူ ဆေးရုံသို့ ရှိန်းဝေယံ၏ ကလေးကိုကြည့်ရန် သွားဖို့အတွက်ကို ကိုဇဏ်က သိပ်ပြီး သဘောမတူချင်ပေ ။

" ဒီရက်ပိုင်းအတွင်း ကိုယ်တို့ သတိနဲ့ နေတာ သွားတာပဲ ကောင်းလိမ့်မယ် နေနေ... "

" ဒါပေမယ့် သုံးလတောင် ရှိသွားပြီလေ ... သူတို့ လုပ်ချင်ရင် ဒီကြားထဲမှာ လုပ်လို့ရနေတာပဲ မဟုတ်လား... အဲ့တာကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်က မာန်လျှော့သွားပြီ ထင်ပါတယ် ကိုဇဏ်ရ...   "

" ဒါပေမယ့် ဒီကောင်တွေက ဘယ်အချိန် ပြန်ဖောက်လာမလဲဆိုတာ ကိုယ်တို့ မသိနိုင်ဘူးလေ... "

" ဒါပေမယ့်လည်း ရှိန်းဝေယံက ကျွန်တော့် ညီလေး တစ်ယောက်လို ဖြစ်နေတာကို... သူ့ သားဦးလေးကို ကျွန်တော်က ခေါင်းကိုင်အဖေ ဖြစ်ပေးမယ်လို့ ကတိပေးထားတာလေ... ပြီးတော့ အဖေကြီးနဲ့လည်း မတွေ့ရတာ ကြာနေပြီဆိုတော့ တွေ့ချင်သေးလို့... "

သူ အကြိမ်ကြိမ် ပူဆာလေတော့မှ ကိုဇဏ်က သဘောမတူချင့်တူချင်နှင့် သဘောတူလာလေသည် ။

" ကဲ... အဲ့လောက်သွားချင်နေရင် Eric ကော ကိုယ်ကော နှစ်ယောက်လုံး အဖော်လိုက်ပေးမယ်... ဟုတ်ပြီလား... "

" ဒါပေမယ့်.... "

ကိုဇဏ် သူနှင့်အတူ လိုက်လာပြီး ဧကရီထိပ်ထားကို သွားကြည့်လျှင် ဦးသုခစံနှင့် ဒေါ်လင်းသီရိ တို့ကို မလေးစားရာ ကျမည်ကို စိုးသောကြောင့် သူ တွန့်ဆုတ်သွားခြင်းဖြစ်သည် ။
အရင်ယောကျ်ား၏ မိဘများရှိရာသို့ မလွတ်မကင်းဖြစ်နေသော နောက်အမျိုးသားတစ်ယောက်နှင့် အတူတူ သွားခြင်းက အရှက်သိက္ခာ မဲ့ရာ ကျပေလိမ့်မည် ။

ကိုဇဏ်က သူ့အခက်အခဲကို နားလည်သွားပုံရလေသည် ။

" ဒါဆို ကိုယ်နဲ့ Eric နဲ့က နေနေ့ကို အခန်းအပြင်ကနေပဲ စောင့်နေမယ်လေ.... သက်တော်စောင့်တွေကိုလည်း ခပ်လှမ်းလှမ်းကနေပဲ စောင့်နေခိုင်းမယ်... အဲ့လိုဆိုရင်ကော ရတယ်မဟုတ်လား... "

နောက်ဆုံးတော့ ကိုဇဏ်က မလိုက်ရလျှင် သူ့ ကိုပါ သွားခွင့်မပြုတော့မည့်ပုံ ဖြစ်နေသောကြောင့် သူ့မှာ မတတ်နိုင်တော့ဘဲ ကိုဇဏ်ပါ လိုက်လာဖို့ကို သဘောတူလိုက်ရတော့သည် ။

I accidentally became a Villain Prince (Completed) Tempat cerita menjadi hidup. Temukan sekarang