Episode 19 (U+Z)

8.9K 839 69
                                    

အပိုင်း ၁၉

သူ စိတ်ကို ပြန်လျှော့ချလိုက်ပြီး ပြန်ထိုင်ကာ စားပွဲပေါ်သို့ ပြင်ဆင်လာသော ဖိုင်တွေကို တစ်ထပ်ကြီးကို ပစ်ချပေးလိုက်သည် ။
ဦးသူရိန်ရာဇာ က သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေသည် ။

" အဲ့တာ ဘာတွေလဲ... "

" ခင်ဗျား ဇနီးနဲ့ လက်ထပ်ပြီး နောက်မှာ ခင်ဗျားနဲ့ အိပ်ခဲ့တဲ့ ကောင်လေးတွေရဲ့ စာရင်း... "

" ဘာ... "

" ခင်ဗျား စစ်ကြည့်လိုက်ပေါ့... လိုနေသေးရင် ပြောဦး ... ကူဖြည့်ပေးမယ်... ဟိုတယ် မသွားဘဲ ကားပေါ်မှာ ဖြစ်တာမျိုးတွေကျတော့ ကျွန်တော်လည်း မစုံစမ်းနိုင်ဘူး ဆိုတော့လေ... "

" မင်း... မင်း... "

ဦးသူရိန်ရာဇာ ၏ မျက်နှာကြီးက နီသထက်နီ ရဲသထက်ရဲလာပြီး သူ့ကို ဝါးစားတော့မတက် စိုက်ကြည့်လာလေသည် ။

" မင်း ငါ့ကို အဲ့လို ခြိမ်းခြောက်ရုံနဲ့ ငါက ကြောက်မယ်များ ထင်နေလား နေသူရိန်... "

" ကျွန်တော်ကကော ခင်ဗျား ခြိမ်းခြောက်တာလောက်နဲ့ ကြောက်မယ်များ ထင်နေလား ဦးသူရိန်ရာဇာ ... ခင်ဗျားဘက်က စလာတာ ဆိုတော့ ကျွန်တော့်ဘက်ကလည်း ငြိမ်ထိုင်ပြီး လုပ်သမျှ ခံနေစရာလား... "

" ငါ မိုးသောက်ကြယ်ကို ပြောပြလိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ... "

" အခုက အဲ့တာတွေ တွေးနေရမယ့် အချိန် မဟုတ်ဘူး ထင်တယ်နော်... ကျွန်တော် အဲ့သည့် List ကို ခင်ဗျား အိမ်ကိုလည်း တစ်စုံ ပို့ပေးထားတယ်... ခင်ဗျား မိန်းမ ပြန်ရောက်မလာခင် အရင် သွားပြီး ယူနိုင်အောင် အိမ်ကို အခု အပြေး ပြန်သင့်နေတာ မဟုတ်ဘူးလား.... "

" ခွေးကောင်... မင်း အဲ့လို တကယ်လုပ်ရဲတယ်ပေါ့ ဟုတ်လား... "

" သိချင်ရင် ကျွန်တော့်ကို လေကုန်ခံပြီး မေးမနေနဲ့လေ .... ကိုယ်တိုင် သွားပြေးကြည့်လိုက်ပေါ့  ... "

ဦးသူရိန်ရာဇာ နေရာက ထပြီး အိမ်ကို အပြေးပြန်ဖို့ လုပ်လေသည် ။
ခန့်လင်းအောင် ထိုအဖိုးကြီးကို ကြည့်ပြီး ပြုံးလိုက်မိသည် ။
မြေခွေးလို အဖိုးကြီး ။
ကောင်လေးတွေ အများကြီးနဲ့ အိပ်ဖူးတဲ့ ကြောင်သူတော်ကြီးကများ ငါ့ကို တစ်ပြန် လာပြီး အကျပ်ကိုင်ရဲတယ်လို့ ။
ကြည့်ရတာ ဆန်ပြုတ်စားချင်နေပြီ ထင်တယ် ။
(သွားတွေချိုးပစ်လိုက်လို့ ထမင်းဝါးမရဘဲ ဆန်ပြုတ်ပဲ စားလို့ရမယ်လို့ ဆိုလိုတာပါ)

I accidentally became a Villain Prince (Completed) Where stories live. Discover now