Episode 34 (U+Z)

9K 874 152
                                    

အပိုင်း ၃၄

ဦးသုခစံက သူတို့ ပြဿနာ ဖြစ်နေသော နဘေးသို့ ရောက်လာပြီး မေးတော့သည် ။

" ဘာတွေ ဖြစ်နေကြတာလဲ... "

" အဖေ့ရဲ့ ယုံကြည်ရပါတယ် ဆိုတဲ့ ချွေးမလေးလေ ... ဒီမှာ သတင်းသာ ဖတ်ကြည့်လိုက်တော့... "

မိုးသောက်ကြယ်က ဦးသုခစံကို သတင်းတွေ ပြတော့ ဦးသုခစံက သေသေချာချာ ဖတ်ကြည့်ပြီးမှ ပြောလာလေသည် ။

" မင်း ဦးနှောက်က သတင်းရေးတဲ့သူ ရေးသမျှ အကုန်လုံးကို ယုံလိုက်တာပဲလား... "

" ဒါ... ဒါပေမယ့် သတင်းထဲမှာ အဲ့အတိုင်းပဲ ရေးထားတာလေ... "

ဦးသုခစံက သူ့သားဖြစ်သူကို စိတ်ပျက်သလို ကြည့်လာသည် ။

" အဲ့က ရေးထားတာ မှန်သမျှ အမှန်ပါလို့ မင်းကို ဘယ်သူက ပြောလဲ... "

မိုးသောက်ကြယ် ခဏ တွေဝေပြီး ကြောင်အသွားလေသည် ။
ခုနက သွေးဆူသွားပြီး ရိုက်လိုက်မိသည်မှာ မှားသွားသလား ဟုပင် သူ့ကိုယ်သူ ပြန်တွေးမိသွားသည် ။

ခန့်လင်းအောင်ကတော့ ခုနက တစ်ချက်နှင့်ပင် မိုးသောက်ကြယ် အပေါ် အတော်လေး စိတ်ကုန်နှင့်ပြီး ဖြစ်သည် ။
သူလုပ်သော ကိစ္စများအတွက် မည်မျှ အရိုက်ခံရပါစေ... သူ မမှုပေ ။
သို့သော်လည်း သူ မလုပ်သော ကိစ္စ တစ်ခု အတွက် အရိုက်ခံရသည်ကိုတော့ သူ ရင်နာလှသည် ။
ပြီးတော့လည်း အဲ့တာက နည်းနည်းလေးတောင် စုံစမ်းမေးမြန်းခြင်း မရှိဘဲနဲ့ ရိုက်တာတဲ့လေ ။

" အဖေကြီး... အဲ့တာ ကျွန်တော် လုပ်တာ တကယ် မဟုတ်ပါဘူး... ကျွန်တော် ကျိန်ဆို ကျိန်ရဲပါတယ်... "

" ကိစ္စ မရှိပါဘူး... အဖေ သားနေတာရာအတွက် အမှန်အတိုင်း ဖြစ်အောင် လုပ်ပေးမှာပါ... "

ဦးသုခစံ၏ စကားကြောင့် သူ့ရင်ထဲ ကျေနပ်နှစ်သိမ့်သွားမိရသည် ။
သအဖချင်း တူတူတောင် ဦးနှောက်ဉာဏ်ရည်က ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ ။

" ယောက်ဖ... ခင်ဗျား အဲ့တာကတော့ လွန်တာပေါ့... သေချာမသိသေးဘဲ... အ... "

ရှိန်းဝေယံက သူ့ဘက်က ဝင်ပြောပေးဖို့ မတ်တက်ရပ်လိုက်ကာ ပြောနေရင်းမှ စကားပင် မဆုံးသေး ၊ ဧကရီထိပ်ထား ၏ ဆွဲဆိတ်ခြင်းကို ခံလိုက်ရပြီး ညည်းညူကာ ပြန်ထိုင်သွားလေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now